အလုပ်ကြိုးစားပြီးစိတ်ထားကောင်းတဲ့ ဇာဇာထက်ဟာ လောကဓံရိုက်ချက်ကြမ်းကြမ်းတွေကို ခံခဲ့ရပေမယ့် ပြိုလဲမသွားဘဲ ပိုပြီးကြံ့ခိုင်လာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ မိသားစုကိုလည်း အကောင်းမွန်ဆုံးထားနိုင်သလို ကိုယ့်ရဲ့မွေးချင်းအငယ်လေးတွေအပေါ်လည်း အမကြီးအမိရာပီသအောင်နေထိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း Online Shop လုပ်ကိုင်နေပြီး သမ္မာအာဇီဝကျတဲ့ လုပ်ငန်းတစ်ခုမှာ အခြေကျနေခဲ့ပြီဖြစ်ပါတယ်။ ကိုယ်ပိုင်ချွေးနှဲစာနဲ့ အိမ်လေးတစ်လုံးဝယ်နိုင်ခဲ့ပြီး အိမ်အတွင်းပိုင်းကိုလည်း သူမစိတ်ကြိုက်ပြင်ဆင်မွန်းမံခဲ့ပါတယ်။
သူများအပေါ်မှာစိတ်ကောင်းထားတဲ့အကျိုးတွေဟာ ကိုယ်တိုင်အတွက်လည်း ကောင်းတာတွေ ဖြစ်လာတယ်ဆိုတဲ့အတိုင်းပဲ လွန်ခဲ့တဲ့ (၂၀၁၉) တုန်းက တန်ဖိုးကြီး စိန်လက်စွပ်တစ်ကွင်းပျောက်သွားခဲ့ ပေမယ့် ရိုးသားတဲ့ဆယ်ဘီးကားဆရာတစ်ယောက်က ကူညီရှာဖွေပေးခဲ့လို့ ပြန်ရခဲ့ဖူးပါတယ်။ ဒီတစ်ခေါက်မှာလည်း လမ်းသွားရင်း ရွှေဟန်းချိန်းလေး ကျွတ်ကျကျန်ခဲ့ပေမယ့် အများကဝိုင်းပြောပေးတာ ကြောင့် သတိထားမိပြီး ပြန်ရခဲ့ပါတယ်။ အခုလိုရှားပါးနေချိန်မှာ ငွေဖြစ်ဖြစ် ရွှေဖြစ်ဖြစ် အကုန်လုံးက တန်ဖိုးကြီးနေတာချည်းပါပဲ။
သူမရဲ့အတွေ့အကြုံကို " ကျွန်မဘဝမှာ သူများအပူစာသူများမျက်ရည်ကျပြီးမှရလာတဲ့ ငွေနဲ့မဝယ် မစားဖူးတဲ့ကံအကျိုးပေးကြောင့်လားမသိချွေးနဲှစာနဲ့ရှာထားတဲ့ ပိုက်ဆံကြောင့် ဘာပျောက်ပျောက် အကုန်ပြန်ရှာတွေ့တယ် 2019 တုန်းကဆီဆိုင်မှာ ကားရေဆင်းရင်း စိန်လက်စွပ်ကျပျောက်ခဲ့တယ် ပြန်သွားရှာတာ ဆယ်ဘီးကားသမားဝိုင်းရှာပေးခဲ့လို့ ပြန်တွေ့တယ် အခုလဲရွှေဟန်းချိန်းသေးသေးလေး ကျခဲ့တာသူများကလှမ်းပြောလို့ ပြန်ရခဲ့တယ် ဒီလိုရှားပါးနေတဲ့အချိန်မို့ ဒီသေးသေးလေးပြုတ်ကျလို့ ပြန်ရခဲ့တာတောင် ကျေးဇူးတင်နေရတယ်? " ဆိုပြီး ပြောပြလာခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Zar Htet's FB Acc