ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးထားပြီး သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေအသိအမှတ်ပြု အားပေးချစ်ခင်နေကြသူကတော့ သရုပ်ဆောင်မင်းသမီးချော မြတ်သူသူပဲ ဖြစ်ပါတယ်..။
မြတ်သူသူကတော့ သရုပ်ဆောင်ပိုင်နိုင်ပီပြင်တဲ့အပြင် စကားပြောလည်းပွင့်လင်းတာကြောင့် အားလုံးက ချစ်ခင်နေကြပြီး အောင်မြင်မှုတွေနဲ့အတူ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေသူဆိုလည်း မမှားပါဘူး..။
မြတ်သူသူကတော့ လက်ရှိအခြေအနေတွေ အမျိုးမျိုးကြောင့် နှစ်တွေအကြာကြီး ကြိုးစားတည်ဆောက်ခဲ့သမျှ အကုန်ပျက်စီးသွားလို့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေရတဲ့ အကြောင်းတွေကို ပြောပြလာပါတယ်..။
လတ်တလော လိုင်းမသုံးဖြစ်တာတွေအပြင် ကြိုးစားတည်ဆောက်ခဲ့သမျှ အကုန်ပျက်စီးသွားလို့ ဘဝသစ်တစ်ခုကို အစကပြန်ကြိုးစားရမယ့် အကြောင်းတွေနဲ့ စိတ်ဓါတ်တွေကျပေမယ့် အားတင်းကာ ပြန်ကြိုးစားမယ့်အကြောင်းတွေကို မြတ်သူသူက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ စိတ်မကောင်းစွာ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။
"လူရော စိတ်ရော အဆင်မပြေလို့ လိုင်းမသုံးဖြစ်ဘူး
အင်တာနက်လိုင်းတွေ မရလို့လည်း လိုင်းမသုံးဖြစ်ဘူး
ကိုယ်တွေထက် ထိခိုက်နစ်နာခဲ့ရသူတွေကို အားနာလို့လည်း လိုင်းမသုံးဖြစ်ဘူး
နှစ်တွေအများကြီး ကြိုးစားတည်ဆောက်ခဲ့သမျှတွေ အကုန်ပျက်စီးသွားတော့ မျှော်လင့်ချက်တွေလည်းမရှိတော့ဘူး
ဒီအသက်အရွယ်ရောက်မှ ဘဝသစ်တခုကို အစက ပြန်ကြိုးစားရပြန်ဦးမယ်
ကိုယ့်ထက် ပိုဆုံးရှုံးရတဲ့သူတွေ အနစ်နာခံခဲ့သူတွေဆို ဘယ်လောက်တောင်များ ထိခိုက်နာကျင်ကြရမလဲ
စိတ်ဓါတ်တွေကျပေမယ့် ပြန်ကြိုးစားမယ် ပြန်အားတင်းမယ်
အရာအားလုံးကောင်းဖို့ဖြစ်လာတာပါလို့ အမြဲတွေးခဲ့ပေမယ့် အခုတခါတော့ မပါဘူး
ဘယ်တော့မှ မမေ့ဘူး.." ဆိုပြီး မြတ်သူသူက ရေးသားပြောပြထားတာပါ..။
သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း မြတ်သူသူအတွက် စိတ်မကောင်းဖြစ်ကြရသလို အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Myat Thu Thu - မြတ်သူသူ Fb Page