သူမြင်တွေ့သွားချင်တဲ့ အိမ်မက်မြို့တော်လေးကို ပရိသတ်တွေအားပုံဖော်ပြောပြထားတဲ့ ဒါရိုက်တာ မောင်မျိုးမင်း

//s9.kh1.co/b3/b3fe8212f195e4acd5dee60a61f4c75f7ee806c3.jpeg
အနုပညာရှင်များ

 ០៤-ឧសភា-២០២១ ១០ព្រឹក · ៥ ឆ្នាំមុន

.

ပရိသတ်တွေကို ရသမျိုးစုံပေးနိုင်တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးပုံဖော်ခဲ့သူကတော့  ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင်  အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားပြီး  မျိုးဆက်သစ်လူငယ်တွေကိုလည်း သရုပ်ဆောင်ပညာရပ်တွေကို သင်ကြားပေးနေသူလည်း  ဖြစ်ပါတယ်။ မောင်မျိုးမင်းဟာ ပရိသတ်တွေ မလွတ်တမ်းကြည့်ရှုအားပေးနေကြတဲ့ နှင်းဆီအငြိမ့်ပွဲများရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလည်း  ဖြစ်ပါတယ်။

Photo Crd-Maungmyomin Yintwinphyit’s Facebook Account 

ဒါ့အပြင် တစ်ယောက်တစ်နေရာစီဝေးကွာနေကြတဲ့ နှင်းဆီအဖွဲ့သားများ ဘေးအန္တရာယ်ကင်းရှင်းပြီး မိသားစုတွေနဲ့ အမြန်ဆုံးပြန်လည်ဆုံဆည်းကြစေဖို့အတွက်လည်း ဆုတောင်းမေတ္တာပို့သပေးနေတာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့  ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ယူဆချက်တွေကို လူမှုကွန်ယက်မှတစ်ဆင့်  ရေးသားဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း ကျွန်တော်တို့ မသေခင်လေးမှာ လူငယ်တွေလိုချင်တဲ့ ဒီမိုကရေစီ၊ လူအချင်းချင်း ယုံကြည်ရတဲ့မြို့တော်ကို မြင်သွားချင်တဲ့အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Photo Crd-Maungmyomin Yintwinphyit’s Facebook Account 

သူကလည်း " လူတွေအားလုံးရဲ့ အနာဂါတ် အိမ်မက်တွေဟာ ဖြတ်ကနဲ မှိတ်ပစ်လိုက်သလို ရုတ်တရက်အမှောင်ကျသွားခဲ့တယ်။ လူငယ်တွေအတွက်အချိန်အများကြီးရှိသေးတယ်ဆိုပေမယ့် ပြန်လည်မွေးမြူရတဲ့စိတ်ခွန်အားတွေရယ် ပျောက်ဆုံးသွားတဲ့ ယုံကြည်ချက်တွေက ရွှေဆိုင်မှာပေးလိုက်ရတဲ့ အလျော့တွက်တွေလို ဘာမှပြန်မရဘူး။အချိန်နည်းနေတဲ့ လူကြီးတွေအတွက်တော့လက်ကျန်သက်တမ်းကနေ ရက်ပေါင်း ခုနှစ်ရာကျော်ကိုနှုတ်ပေးလိုက်ရပြီ။

နောက်ကျကျန်ခဲ့တဲ့စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊လူမှုရေးနဲ့ ကမ္ဘာ့အလယ်မှာနိမ့်ကျနေတဲ့ ဆင်းရဲနွမ်းပါးမှုတွေကို ကျွန်တော်တို့ နှစ်ဆပြန်ကြိုးစားရမှာကို သိရှိနားလည်ကြပါတယ်။ ရင်ဆိုင်ဖို့လည်း အသင့်ရှိပါတယ်။နောင်မျိုးဆက်တွေ ကောင်းစားစေချင်တာကိုး၊ကျွန်တော်တို့သေဆုံးသွားတဲ့အခါ အကုန်ထားခဲ့ရမှာပါ။ ကျွန်တော်တို့မသေခင်မှာ.........

လူငယ်တွေလိုချင်တဲ့ ဒီမိုကရေစီ၊တရားမျှတမှု၊လွတ်လပ်မှု၊အနိုင်ကျင့်မှုတွေ ကင်းမဲ့တဲ့နေရာလောဘဒေါသနဲ့မနာလိုခြင်းတွေကင်းတဲ့နေရာ၊လိမ်ညာလှည့်ဖျားခြင်းမရှိတဲ့နေရာ၊ပြုံးရွှင်နေတဲ့လူတွေရဲ့မျက်နှာနဲ့ အကြင်နာတရား​တွေပြည့်​ဝ သစ္စာတရားတွေလွှမ်းမိုးတဲ့ မြိုတော် လူအချင်းချင်း ယုံကြည်ရတဲ့နေရာ ၊ယုံကြည်ခြင်းမြို့တော်လို့ ခေါ်ဆိုနိုင်တဲ့​​​​နေရာကို မြင်ရရင် ကျွန်တော်သေပျော်ပါပြီ။အဲဒါကျွန်တော်တို့အိပ်မက်ပါပဲ...။

ကျွန်တော်ပြောရဲတယ် တစ်သက်လုံးမပွင့်ဖူးတဲ့ပန်းကလေးတွေတောင် အဲဒီနေရာမှာပွင့်ကြလိမ့်မယ်။" ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ ဒီလိုအိမ်မက်မြို့တော်ကြီးကို အကောင်ထည်ဖော်ဖို့အတွက် လက်ရှိအချိန်တွင်လူငယ်တွေအားလုံးက ကျရာအခန်းကဏ္ဍကနေ တိုက်ပွဲဝင်နေကြတာကို မြင်တွေ့ရသည်မှာ ဂုဏ်ယူစရာကောင်းလှပါတယ်။ ပြည်သူတွေလိုချင်နေကြတဲ့ စစ်မှန်တဲ့ဒီမိုကရေစီအမြန်ဆုံး ပြန်လည် ရရှိပါစေလို့လည်း ဆုတောင်းလိုက်ရပါတယ်နော်။

Source and Photo Crd-Maungmyomin Yintwinphyit’s Facebook Account 

Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T