သီချင်းဆိုပြိုင်ပွဲတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ရာမှတစ်ဆင့် ဂီတလောကထဲသို့ စတင်ဝင်ရောက်လာသူကတော့ အဆိုတော် သားငယ်ပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်နေတဲ့ ကာလတစ်လျှောက်လုံးမှာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အရေးကြုံတဲ့အခါတိုင်း ဓမ္မဘက်ကနေ ပြည်သူတွေနဲ့အတူရပ်တည်ပေးခဲ့တဲ့အတွက် အားလုံးက ဝမ်းသာဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။
သားငယ်ဟာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ သားငယ်ကတော့ အခြေအနေအရပ်ရပ်ကြောင့် ခေတ္တခဏ တိမ်းရှောင်နေရတာဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ရဲ့ဘေးကင်းလုံခြုံရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။
မနေ့ညကလည်း သားငယ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လိုင်းမသုံးရတဲ့ တစ်လကျော်ကာလအတွင်းပြောင်းလဲသွားတဲ့အရာတစ်ခုကို ပရိသတ်တွေအားပြောပြလာတာ ဖြစ်ပါတယ်။ သူကလည်း " လိုင်းမသုံးရတဲ့တစ်လကျော် ကာလထဲ
၉ ပေါင်ကျသွားတာကလွဲရင်
အကုန်အဆင်ပြေပါတယ်လေ အဟက် ?" ဆိုပြီး ဝိတ်ကျသွားတဲ့ အကြောင်းကို ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ ပရိသတ်များက သားငယ်ကို ဂရုစိုက်ပြီးနေထိုင်ရန် ဒီပို့စ်အောက်တွင် မှတ်ချက်ပေးရေးသားထားတာကိုလည်း မြင်တွေ့ရပါတယ်။
Source and Photo Crd-Zaw Win Htun’s Facebook Account