ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကလည်း အပါအဝင်ပါပဲ..။
နှိုင်းယှဉ်မြင့်မိုရ်ကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လှူဒါန်းမှုတွေ ပြုလုပ်နေသလို လတ်တလောမှာလည်း အလုပ်တွေ ပြန်လုပ်နေရတဲ့အကြောင်းတွေကို ပြောပြလာပါတယ်..။
ကြော်ငြာတွေရိုက်ပြီး ဈေးတွေပြန်ရောင်းကာ အလုပ်တွေပြန်လုပ်နေလို့ လိပ်ပြာလုံရဲ့လားဆိုပြီး လာလာမေးကြတာတွေနဲ့ ပတ်သက်ပြီး နှိုင်းယှဉ်မြင့်မိုရ်က ပြတ်ပြတ်သားသား ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ်..။
နှိုင်းယှဉ်ကတော့ အလုပ်မလုပ်ဘဲ ထိုင်စားနေရုံနဲ့ အလှူအတန်းတွေမလုပ်နိုင်တဲ့အကြောင်းတွေအပြင် တချို့လူတွေလိုအပျော်မရှာသလို နေသာသလိုလည်း မနေတဲ့အတွက် လိပ်ပြာလုံတဲ့အကြောင်းတွေကို ပြောပြထားတာပါ..။
"ကြော်ငြာတွေရိုက် ဈေးတွေပြန်ရောင်းဖို့ ပြင်ဆင်နေပြီ ဆိုတော့ လိပ်ပြာလုံရဲ့လားတဲ့ လာမေးကြတယ်?
သိပ်လုံတာပေါ့???
ဒီအတိုင်း ထိုင်စားသောက် လှုတန်းနေရအောင် ကျွန်မတို့က ကျိကျိတက်ချမ်းသာနေသူတွေမှ မဟုတ်တာ...
မရှိတဲ့ ထဲက ကိုယ် လှုနေတန်းနေတာတွေ ကိုယ်သာအသိဆုံး.. အလုပ်လုပ်မှရမှာပေါ့ ... ကျွန်မတို့ တစ်ချို့လူတွေလို အပျော်မရှာဘူး.. တချို့လူတွေလို နေသာသလိုမနေဘူး..
အဲ့အတွက် လိပ်ပြာက Ever လုံတယ်.....?.." ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာပါ..။
စားဝတ်နေရေးတွေအပြင် လှူချင်တာတွေကြောင့် အလုပ်ပြန်လုပ်နေရတဲ့အကြောင်းတွေကို ပြောပြထားတဲ့ နှိုင်းယှဉ်ကို ပရိသတ်တွေကလည်း အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Nhying Shin's Fb Acc