တောင်ဥက္ကလာက ကျောက်ခွဲစက် ကျူးအိမ်တွေကို အမိုးအကာကောင်းလေးဖြစ်အောင် ပြင်ဆင်ပေးနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/2a/2aeb63d287d7b94f293bd12351387f749d735911.png
အနုပညာရှင်များ

 ០២-ឧសភា-២០២១ ១ល្ងាច · ៥ ឆ្នាំមុន

..

ပရဟိတမင်းသားတစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်ဟာ ကိုယ်ကျိုးစွန့်ပြီးလုပ်ရတဲ့ ပရဟိတလုပ်ငန်းတွေကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း အကူအညီ လိုအပ်နေတဲ့နေရာတွေအတွက် စွမ်းစွမ်းတမံကူညီပေးနေဆဲပါပဲ။ အကျပ်အတည်းကာလတွေ ဟာ အခြေခံလူတန်းစားတွေအတွက်တော့ ကြာရှည်တောင့်မခံနိုင်တဲ့ အနေအထားတစ်ခုပါ။ ဒီလိုအချိန်တွေမှာ ပရဟိတလုပ်ငန်းတွေရဲ့ အကူအညီနဲ့ အဆင်ပြေတဲ့အနေအထားတစ်ခုကို ရပ်တည်နိုင်တာလည်း ကျေနပ်စရာပါပဲ။ ဒီနေ့မှာလည်း တောင်ဥက္ကလာ (၁၅) ရပ်ကွက်က ကျောက်ခွဲစက်ကျူးအိမ်လေးတွေအတွက် အိမ်အမိုးလေးတွေ မိုးပေးနေတာပဲဖြစ်ပါတယ်။

Photo Credit - Wai Lu Kyaw Foundation's FB Acc

မကြာခင်မှာ မိုးတွင်းရောက်လာတော့မှာဖြစ်တာကြောင့် ကျူးမိသားစုတွေ လုံလုံခြုံခြုံ နေနိုင်အောင် အခုကတည်းက ကြိုတင်ကူညီပေးနေတာပဲဖြစ်ပါတယ်။ မင်းသားဆိုပေမယ့် မာန်မာနမရှိဘဲ အိမ်တွေပေါ်ကိုယ်တိုင်တက်ပြီး အမိုးမိုးပေးနေတဲ့ ဝေဠုကျော်ရဲ့စေတနာဟာ အထင်းသားပေါ်လွင်နေခဲ့ပါတယ်။ လှူဒါန်းခဲ့တဲ့ အလှူရှင်တွေအတွက်လည်း ဒီပုံရိပ်တွေဟာ ပီတိဖြစ်စရာပါ။ အလှူပုံရိပ်တွေကို " တောင်ဥက္ကလာ (၁၅) ရပ်ကွက်က ကျောက်ခွဲစက် ကျူးအိမ်လေးတွေကို စတင်ပြင်ဆင် မိုးကာပေးနေပါပြီ။ အသစ်ပြန်ဆောက်ရန် လိုအပ်နေတဲ့ အိမ်တွေလည်း မနေ့ကလိုအပ်တဲ့ပစ္စည်းတွေ ဝယ်ပေးထားတာကြောင့် ဒီနေ့စဆောက်ပါပြီ။ ဖောင်ဒေးရှင်းအဖွဲ့သားတွေလည်း ဝိုင်းဝန်းကူညီပေးကြပါတယ်။ "

" မိုးရာသီအတွက် မလုံခြုံတဲ့အိမ်တွေက တော်တော်များတာကြောင့် အသစ်ဆောက်ပေးနိုင်တာ ဆောက်ပေး တချို့အိမ်တွေကိုတော့ အလှူရတာနဲ့ချိန်ပြီး ဖာထေးပြုပြင်ပေါ့။ ဒီကျူးရပ်ကွက်လေးက ပလုံကောက်ကြပြီးဆင်းရဲတဲ့အိမ် တော်တော်များပါတယ်။ ကမ်းနားကျူးဖြစ်လို့ ရေတက်ရေကျ ရပ်ကွက်ထဲရေဝင်ပါတယ်။ တချို့အိမ်တွေ အပေါ်ကလည်းမလုံခြုံ အောက်ကလည်း ရေနဲ့ ရွံ့ဗွက်တွေဖြစ်လို့ အနေအထိုင် တော်တော် မပြေလည်ကြပါဘူး။ ဒီကျူးအိမ်လေးတွေအတွက် ဝါးအိမ်လေးတွေလည်း အသစ်ဆောက်လှူ ပေးလို့ရသလို လိုအပ်တာတွေပြုပြင်ပေးဖို့လည်း လှူပေးလို့ရပါတယ်။ " ဆိုပြီး ဝေမျှလာခဲ့ပါ တယ်။ နောက်များမှာလည်း ဒီထက်မကသောအကူအညီတွေကို အချိန်နေရာမရွေး ကူညီပေးနိုင်ပါစေ။

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

သတင်း အရင်းအမြစ်៖ Wai Lu Kyaw Foundation's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T