သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အနုပညာလောကတွင် ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေ ရရှိထားသူ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာ ပရဟိတလုပ်ငန်းတွေကို တတ်နိုင်သလောက် ကြိုးစားလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာကိုတည်ထောင်ထားပြီး လူမမယ်ကလေးများကို နွေးထွေးတဲ့ မေတ္တာများဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။
သူမကတော့ လတ်တလောမှာတော့ ရခိုင်ပြည်နယ်သို့ အဓိဌာန်ဝင်ရန် ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူမရောက်ရှိနေစဉ်အတွင်းမှာလည်း ရခိုင်ပြည်နယ်မှာရှိတဲ့ နေရာအချို့ကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ တတ်နိုင်သလောက် လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ အခုလို ကုသိုလ်ကောင်းမှုတွေ အမြဲလုပ်ဆောင်နေသူဖြစ်တာကြောင့် ပရိသတ်တွေက အရင်ကထက်ပိုပြီး ချစ်ခင်နေကြတာ ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ရခိုင်ပြည်နယ်ရှိ ကမ်းခြေတစ်ခုတွင် နဂါးစာကျွေးရင်း ခုနှစ်ရက်သားသမီးများအတွက် ဆုတောင်းမေတ္တာပို့သခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာ ဖြစ်ပါတယ်။ သူမကလည်း " ဘောဂဝတီ နဂါးပြည်မှ နဂါးမင်းကြီး၊ နဂါးမယ်တော် နှင့် နဂါးသူ ၊နဂါးသားတို့အား နို့၊ ပေါက်ပေါက်၊ကြက်ဥ၊ထောပတ်၊ပျားရည်၊ ဌက်ပျောသီး၊ နှင်းဆီပန်း တို့နှင့် အတူ နဂါးစာကျွေးရင်း ခုနှစ်ရက် သားသမီးတို့အား မေတ္တာပို့သခဲ့ပါတယ်ရှင်...???...." ဆိုပြီး ရေးသားထားတာ ဖြစ်ပြီးပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Khine Hnin Wai’s Facebook Account