ပရိသတ်ကြီးရေ.. မမဆောင်းလို့ အများကခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင်ဆောင်းအိနြေ္ဒထွန်းကတော့ သီချင်းတွေလည်းထွက်ရှိထားသလို သရုပ်ဆောင်အဖြစ်လည်း အောင်မြင်မှုတွေအခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။
လက်ရှိအခြေအနေတွေအမျိုးမျိုးကြောင့် လိုအပ်ပြီးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် အစားအသောက်နဲ့ ငွေကြေးတွေ ပေးဝေလှူဒါန်းကာ ဖေးမကူညီတတ်တဲ့ မမဆောင်းကတော့ လတ်တလောမှာ ဇာတိမြေမော်လမြိုင်မြို့ကို ရောက်ရှိနေတာပါ..။
မမဆောင်းကတော့ သူမရဲ့မွေးရပ်ဇာတိမြောဖြစ်တဲ့ မော်လမြိုင်မြို့ရဲ့ တန်ခိုးကြီးမားလှတဲ့ ကျိုက်မရော ကျိုက်ခမီ ဘုရားကြီးကို ဖူးမြော်ကြည်ညိုရင်း ရှေ့ဆက်လုပ်ဆောင်မယ့် သူမရဲ့စိတ်သဘောထားတွေကိုလည်ယ ပြောပြလာပါတယ်..။
လောဘမကြီးချင်သလို ဒေါသနဲ့ မာန်မာနတွေလည်း မကြီးချင်တော့ဘဲညသဘောထားကြီးကြီးပဲ နေထိုင်တော့မယ့်အကြောင်းတွေကို ဘုရားဖူးကုသိုလ်ယူနေရင်း ပုံရိပ်တွေဝေမျှရင်း မမဆောင်းက ပြောပြထားတာ ဖြစ်ပါတယ်..။
"ညက်စိနောက်မယ်နော် ခစ်
ကျိုက်မရော ကျိုက်ခမီ ဘုရားဖူး?
အသက်လေးရလာလေ
လောဘတွေလည်းမကြီးချင်တော့ဘူး
ဒေါသလည်း မရှိချင်တော့ဘူး
မာနလည်း မကြီးချင်တော့ဘူး
သဘောထားပဲကြီးတော့မယ်နော်
လက်ဆောင်တွေပေးတဲ့ မစ်စတာကင် အသားလုံး နဲ့ ဥယျာဉ်မှူး ပျိုးခင်း ကိုကျေးဇူးပါနော်.." ဆိုပြီး ဘုရားဖူးကုသိုလ်ယူနေတဲ့ သူမရဲ့ပုံရိပ်တွေကို ဝေမျှထားတာပါ..။
မွေးရပ်ဇာတိမြေ မော်လမြိုင်မြို့မှာ ဘုရားဖူးကုသိုလ်ယူရင်း သူမရဲ့စိတ်သဘောထားတွေကို ပြောပြထားတဲ့ မမဆောင်းကို ပရိသတ်တွေက သဘောကျသလို အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ မမဆောင်း Fb Acc