သရုပ်ဆောင် မေတိုးခိုင်ကတော့ မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပေးခဲ့တဲ့အတွက်လည်း ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ သူမနဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာသတင်းတစ်ခု ကြားနေရတာ ဖြစ်ပါတယ်။ ဒါကတော့ သရုပ်ဆောင် မေတိုးခိုင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီလို့ သတင်းထွက်နေတာပါ။ ဒီသတင်းမှန်ကန်တယ်လို့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ တိတိကျကျမသိကြရသေးပါဘူး။ ဒါပေမယ့်လည်း အနုပညာအသိုင်းအဝိုင်းမှ ညီအစ်ကိုမောင်နှမများနဲ့ ပရိသတ်များက သူမအတွက် စိုးရိမ်နေကြတာပါ။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း သရုပ်ဆောင် ကျော်ရဲအောင်ရဲ့ သမီး မှုံနံ့သာကျော်ရဲအောင်ရဲ့Instagram လူမှုကွန်ယက်တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အစ်မတစ်ယောက်လိုချစ်ခင်ရတဲ့ မေတိုးခိုင် ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်းပေးနေတာပဲ ဖြစ်ပါတယ်။ မှုံနံ့သာကလည်း " Praying For your safety Ma Phoo ??” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-May Toe Khine’s Facebook Page and Hmone Nathar’s IG Account