အဆိုတော် Oasixကတော့ ဒီကနေ့ မတ်လ ၂၉ရက်နေ့မှာ မန္တလေးမြို့ ပြည်ကြီးတံခွန်က မီးဘေးသင့်တဲ့ နေရာထံ သွားရောက်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ လိုအပ်တာတွေကို လှူဒါန်းခဲ့ပါတယ်။ အလှူငွေကျပ် ၂၄၀၀၀၀ကျပ်အပြင် ဆန် ဆီ ဆား စောင် ခြင်ထောင် ခေါင်းအုံး အဝတ်အထည်မျိုးစုံ ခေါက်ဆွဲခြောက်နဲ့ လူအသုံး အဆောင်တွေကို လှူဒါန်းခဲ့တာပါ။
အလှူပစ္စည်းတွေက အရမ်းများတာကြောင့် ၃ခေါက်တိတိခွဲသယ်ရတဲ့ အကြောင်းကိုလည်း သူရဲ့ Facebook Account ထက်မှာ ရေးသားမျှဝေလာခဲ့ပါတယ်။ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းခဲ့တဲ့ သူရဲ့ ပုံရိပ်တွေအပြင် အခုလို လှူဒါန်းရတဲ့အကျိုးကြောင့် မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှု အစစ်အမှန်ရရှိပါစေဆိုပြီး ဆုတောင်းခဲ့ပါသေးတယ်။
ဒါ့အပြင် သူလို့ လှူဒါန်းချင်တဲ့ နောက်ထပ်အလှူရှင်တွေအတွက်လည်း သူတို့ဆီမှာ အဝတ်အစားတွေက အဆင်ပြေနေပြီမို့ ဖြစ်နိုင်ရင် လူအသုံးအဆောင်တွေရယ် အိမ်ပြန်ဆောက်ဖို့ သစ်သားတို့ ငွေကြေးတို့ အဓိကလိုပါတယ်ဆိုပြီး ပြောပြလာခဲ့ပါတယ်။ အခုလို လိုအပ်နေတဲ့ နေရာတွေမှာ သွားရောက်လှူဒါန်းခဲ့တဲ့ Oasix ရဲ့ ပုံရိပ်တွေနဲ့ ရေးသားထားတဲ့ စာသားတွေကိုလည်း ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source & Photo credit - Oasix's Facebook Page