နဖူးကချွေးခြေမကျအောင် ရှာဖွေစုဆောင်းထားတဲ့ငွေကြေးတွေနဲ့ ပြည်သူတွေအတွက်ပြန်လည်လှူဒါန်းရလို့ ပီတိဖြစ်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/3f/3fea3d5011271183d2ab8453cc76067bc2c0ca9e.jpg
အနုပညာရှင်များ

 ၂၂-မတ်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဇာတ်ပို့သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတဲ့အပြင် လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ အင်တိုက်အားတိုက်နဲ့ အားကြိုးမာန်တက်ပါဝင်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ လူငယ်ပြည်သူတွေနဲ့အတူ ကိုယ်တိုင်လမ်းထွက်လှုပ်ရှားမှုတွေအပြင် ချွေးနည်းစာငွေလေးတွေနဲ့လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူပါ..။

Photo Credit - Nhying Shin's fb Acc
Photo Credit - Nhying Shin's fb Acc
Photo Credit - Nhying Shin's fb Acc
Photo Credit - Nhying Shin's fb Acc

ဖေဖော်ဝါရီလအစပိုင်းကတည်းက လှုပ်ရှားမှုတွေပြုလုပ်ပြီး အလှူတွေလည်းလုပ်နေတဲ့ နှိုင်းယှဉ်တို့ဇနီးမောင်နှံကတော့ ယနေ့အချိန်ထိလည်း လိုအပ်နေတဲ့ပြည်သူတွေကို တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း တွေ့ရပါတယ်..။

ကိုဗစ်ကာလ Live လွှင့်ဈေးရောင်းပြီး နဖူးကချွေးခြေမကျအောင် ရှာဖွေစုဆောင်းထားတဲ့ ချွေးနည်းစာငွေကြေးတွေနဲ့ ပြည်သူတွေအတွက်ပြန်လည်လှူဒါန်းရလို့ ပီတိဖြစ်နေရတဲ့အကြောင်းလေးတွေကိုလည်း ပြန်လည်ပြောပြလာပါတယ်..။

Photo Credit - Nhying Shin's fb Acc
Photo Credit - Nhying Shin's fb Acc
Photo Credit - Nhying Shin's fb Acc
Photo Credit - Nhying Shin's fb Acc

"ကျွန်မတို့လင်မယား ကိုဗစ်ကာလစဖြစ်ကတည်းက

နဖူးကချွေး‌ ခြေမကျ သမ္မာအာဇီဝနည်းနဲ့

Live လွှင့်ပီး သူများတွေကိုဈေးရောင်းပေးခဲ့ပြီး

စုဆောင်းထားတာလေးတွေ ဒီအချိန်မှာတကယ် လိုအပ်

တဲ့နေရာလေးတွေမှာ တကယ် လှုနိုင်တန်းနိုင်‌တာ

အရမ်းပီတိဖြစ်ရပါတယ်???

မတွန့်မတို ပဲ ကျွန်မနိုင်သလောက်တွေကို လှုနေပါတယ်

ဒီအလှုတွေဟာ ကျွန်မကို အလုပ်အပ်ခဲ့တဲ့ လုပ်ငန်းရှင်‌

တွေရော အားပေးဝယ်ယူခဲ့ကြတဲ့ ကာစတန်မာများ

ကြောင့်ရခဲ့တာဖြစ်လို့စုပေါင်းအလှူဖြစ်လို့ အားလုံးကုသိုလ်ရမှာပါ???

ကျွန်မ kpay ထဲမှာလည်း ပိုက်ဆံသိပ်မကျန်တော့ပါဘူးး

နောက်နေ့လည်း လစဉ်လှုနေကြအတိုင်း မပျက်မကွက်

ဘုန်းကြီးကျောင်း မှာ ကျောင်းရှိ သံဃာတွေ ဆွမ်းသွားကပ်အုံးမှာပါ...ဤမှန်သောသစ္စာစကားတွေကြောင့် ကျွန်မတို့မြန်မာနိုင်ငံတော်ကြီး နဲ့ 7ရက်သားသမီး မြန်မာနိုင်ငံသူနိုင်ငံသားများ အမြန်ဆုံးပြန်လည်အေးချမ်းပါစေ?????.." ဆိုပြီး ဆုတောင်းစကားလေးနဲ့ ပြောပြထားတာပါ..။

Photo Credit - Nhying Shin's fb Acc
Photo Credit - Nhying Shin's fb Acc
Photo Credit - Nhying Shin's fb Acc
Photo Credit - Nhying Shin's fb Acc

သတင်း အရင်းအမြစ်Nhying Shin's fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T