သရုပ်ဆောင် မင်းသားချောလေး အလင်းရောင်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပါ။ ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့တာဖြစ်လို့ အရင်ကထက် ပရိသတ် အားပေးမှုတွေပိုမိုရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လူထုလှုပ်ရှားမှုတွေမှာလည်း အလင်းရောင်က တက်တက်ကြွကြွ ပါဝင်ခဲ့တာပါ။


သူရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာလည်း ယခုအခြေအနေတွေနဲ့ သက်ဆိုင်တဲ့ Postတွေနဲ့ ပုံတွေကိုလည်း အများက သိအောင် ဝေမျှလေ့ရှိတာဖြစ်ပါတယ်။ ဒီကနေ့ မတ်လ ၁၃ရက်နေ့မှာလည်း အလင်းရောင်က သူရဲ့ Facebook Account ထက်မှာ postတစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ ပြည်မြို့နဲ့ သူယခင်က နေထိုင်ခဲ့တဲ့ မန္တလေး စိန်ပန်းရပ်က ဖြိုခွဲမှုတွေကြောင့် ပိတ်မိနေတဲ့သူတွေကို ကူညီပေးဖို့ တောင်းဆိုလာတဲ့ စာသားတွေပဲ ဖြစ်ပါတယ်။


အလင်းရောင်က " ရက်စက်လိုက်ကြတာဗျာ ပြည်မြို့မှာရော၊ ကျွန်တော်နေခဲ့တဲ့ မန်းလေး စိန်ပန်းရပ်မှာရော အားလုံး အားတင်းထားပါနော် ပိတ်မိနေတဲ့သူတွေ ရှိတယ်တဲ့ တတ်နိုင်သလောက် ကူညီပေးကြပါအုန်း ခင်ဗျာ ?? " ဆိုပြီး ရေးသားကာ အကူအညီတောင်းခံလာခဲ့တာပါ။ အလင်းရောင် ရေးသားထားတဲ့ စာသားတွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှရင်း ပြည်မြို့နဲ့ မန္တလေး စိန်ပန်းရပ်နားမှာ ပိတ်မိနေတဲ့ သူတွေကို အကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - ALINGYAUNG's FB account