ပရိသတ်တွေရဲ့ချစ်ခင်းခြင်းတွေကိုအပြည့်အဝရရှိထားသူတွေထဲမှာ ဘေဘီမောင်လည်းအပါအဝင်ပါပဲနော်။ဘေဘီကခုလတ်တလောမှာဆိုရင်လည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့သလို လမ်းပေါ်ထွက်ကာလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်သလောက်ပါဝင်ကာအားဖြည့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ချစ်သူဖြစ်သူ သားဂန်းကလည်း ဘေဘီနဲ့အတူ စိတ်တူကိုယ်တူပါဝင်ခဲ့တာလည်းအားကျဖွယ်ရာတွေ့မြင်ရပါတယ်။


ဒါ့အပြင်လူထုလှုပ်ရှားမှုမှာ အသက်ပေးရတဲ့ အာဇာနည်သူရဲကောင်းလေးတွေကိုလည်း အလှူငွေများသွားရောက်လှူဒါန်းပေးခဲ့သလို ဒဏ်ရာရရှိသူတွေကိုလည်း ဆေးကုသိုလ်ပြုလှူဒါန်းခြင်းများလည်းပြုလုပ်ခဲ့ရာ လေးစားစရာကောင်းလွန်းတာအမှန်ပါပဲ။အခုလို လိုအပ်တာမှန်သမျှကူညီဖေးမပေးနေတဲ့ အနုပညာရှင်များစွာကြောင့်လည်း ပြည်သူအားလုံးက စိတ်ခွန်အားတွေရရှိနေကြတာပါ။


အခုလည်း ချစ်ခင်ရတဲ့မိတ်ဆွေတွေနဲ့အတူစုပေါင်းပြီး ကြက်ဆီထမင်းနဲ့ အအေးများကိုလမ်းမှာတွေ့သမျှလူတိုင်းကိုလိုက်ဝေငှကာလှူဒါန်းခဲ့ပြန်ပါတယ်။ကိုယ်တိုင် လိုက်ဝေငှနေတဲ့ အလှူပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီးလည်းဘေဘီရဲ့အလှူလေးကိုသာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

