မန္တလေးမှာ ကြွေလွင့်ခဲ့ရတဲ့ ကိုမျိုးအောင်နဲ့ ဒဏ်ရာရရှိခဲ့သူ ကိုချစ်မိုးတို့အတွက် စေတနာရှင်တွေနဲ့ စုပေါင်းပြီး အလှူငွေထောက်ပံ့လှူဒါန်းပေးခဲ့တဲ့ ခင်ဝင့်ဝါ

//s9.kh1.co/ba/ba8989421f5e5c41e72a655cf56ae502728b8ce8.jpg
အနုပညာရှင်များ

 ១១-មីនា-២០២១ ១០ព្រឹក · ៦ ឆ្នាំមុន

.

လတ်တလောဖြစ်ပေါ်နေတဲ့ ဒီမီုကရေစီအရေးကို ပြန်လည်ရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြည်သူတွေနဲ့အတူ မင်းသမီး ခင်ဝင့်ဝါက တစ်သားတည်း အပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် လမ်းပေါ်ထွက်ပြီး လူငယ်တွေရဲ့ အနာဂတ်အိမ်မက်တွေ မပျောက်အောင် တစ်ထောင့်တစ်နေရာကနေ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ ဒဏ်ရာရရှိတဲ့ သူတွေအတွက် မိတ်ဆွေသူငယ်တွေအပြင် တခြားအလှူရှင်များနဲ့ စုပေါင်းပြီး အလှူငွေ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page

ယခုမှာလည်း ခင်ဝင့်ဝါတို့က နောက်ထပ်မွန်မြတ်တဲ့ ကုသိုလ်အလှူလေးကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီတစ်ခါအလှူကတော့ မန္တလေးလူထုလှုပ်ရှားမှုမှာ ကြွေလွင့်ခဲ့ရတဲ့ အာဇာနည်သူရဲကောင်း ကိုမျိုးအောင် နဲ့ ဒဏ်ရာရရှိခဲ့သူ ကိုချစ်မိုးတို့အတွက် အလှူငွေ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအလှူလေးနဲ့ ပတ်သက်ပြီးပြောပြထားရာမှာ "ကျွန်မ တို့ သူငယ်ချင်းမိတ်ဆွေများ ၊ စေတနာရှင်ပြည်သူများ နှင့် ပရိသတ်များ ရဲ့ စုပေါင်း လှူဒါန်းငွေများ ထဲ မှ မန္တလေးမြို့နေ ကျဆုံးသွားတဲ့ အာဇာနည် ကိုမျိုးအောင် နှင့် မန္တလေးမြို့နေ ကိုချစ်မိုး အတွက် ကျန်းမာရေးဂုဏ်ပြု ထောက်ပံ့ငွေ တို့အား ဆက်သွယ်ကူညီ ပေးအပ်ခဲ့ပါတယ်.......

Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page

နောက်ရက်တွေမှာလည်း ရန်ကုန် နဲ့ နယ်အသီးသီးရှိ မလှူရသေးသောသူများထံ ဆက်သွယ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်....သွားရေး လာရေး အခက်အခဲ နဲ့ ဆက်သွယ်ရေးအခက်အခဲများကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းကိုလည်း နားလည်ခွင့်လွှတ်ပေးပါရှင်....ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်" ဆိုပြီး လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ တစ်ထောင့်တစ်နေရာကနေ အာဇာနည်သူရဲကောင်းတွေအတွက် အလှူငွေများ လှူဒါန်းပေးခဲ့တဲ့ ခင်ဝင့်ဝါ နဲ့ စေတနာရှင်တွေကို ဆုတောင်းစကားလေး ပြောပေးခဲ့ပါဦး။

Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page

သတင်း အရင်းအမြစ် Source - Khin Wint Wah fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T