ချစ်ပရိသတ်ကြီးရေ.....ရုပ်ရှင်သရုပ်ဆောင် ဘေဘီမောင်ကတော့ ဗီဒီယိုဇာတ်ကားတွေ များစွာကို ရိုက်ကူးခဲ့တာ ဖြစ်ပြီး အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်အောင်မြင်နေတဲ့ မင်းသမီးတစ်လက် ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ဘေဘီမောင်က ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် လူထုလှုပ်ရှားမှုတွေမှာ ပြည်သူပရိသတ်တွေနဲ့ အတူ ရင်ဘက်ချင်း ထပ်တူကျကာ တရားမျှတမှု အတွက် အေးချမ်းစွာ ပူးပေါင်း ပါဝင်လုပ်ဆောင် နေတာလည်း ဖြစ်ပါတယ်။





ဘေဘီမောင်က သူမလုပ်နိုင်သလောက် မြန်မာပြည်ကြီး ငြိမ်းချမ်းအောင် မြတ်စွာဘုရားရှင်ထံ မေတ္တာပို့ ဝတ်ပြုဆုတောင်းပေး နေသလို ညစဉ် (၈)နာရီတိတိ အချိန်တွင် သံဗုံးတီးတာကိုလည်း ပြုလုပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ဒါ့အပြင် လူထုလှုပ်ရှားမှုတွင် ပါဝင်ရင်း ကျဆုံးသွားတဲ့ နိုင်ငံ့သူရဲကောင်းတွေ အတွက်လည်း လက်လှမ်းမီသလောက် အလှူငွေတွေကို ကိုယ်တိုင်သွားရောက် လှူဒါန်းပေးနေတဲ့ အပြင် လမ်းမပေါ်တွင် အားကြိုးမာန်တတ် လှုပ်ရှားနေတဲ့ သူတွေကိုလည်း နိုင်သလောက် ကူညီဖေးမပြီး လှူဒါန်းမှု ပြုလုပ်နေတာ ပဲဖြစ်ပါတယ်။




ဘေဘီမောင်က ဒီနေ့မှာတော့ သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် "၈.၃.၂၀၂၁ အအေးအလှူ သွားလှူရင်း လမ်းမှာစုဘူးရောင်းတဲ့ဘဘကိုစုဘူးလေးတွေဝယ်အအေးလေးတိုက်ပြီး ကုသိုလ်ယူဖြစ်ခဲ့ပါတယ်???ဒီနေ့အလှူလေးကျေနပ်ပိတီီ???အလှူရှင် ကျွန်မဦးလေး သန့်ဇင်အောင်၁သိန်း သားဂန်းဘေဘီမောင် ၅သောင်း စုစုပေါင်းအအေးဘူး ၁၅၀၀၀၀ဖိုးလှူခဲ့ပါသည်???"ဆိုပြီး ရေးသားဖော်ပြပေးလာတာ ဖြစ်ပါတယ်။ ကဲ....ချစ်ပရိသတ်တွေ အတွက် ဘေဘီမောင်ရဲ့ လှူဒါန်းမှု ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။





သတင်း အရင်းအမြစ်៖ Baby Maung FB page