သရုပ်ဆောင် မင်းသမီးကြီး မေကဗျာကတော့ ယနေ့ကျရောက်တဲ့ သူမရဲ့ တစ်ဦးတည်းသော သမီးလေး ဂင်္ဂါမေအတွက် မွေးနေ့ဆုတောင်းစကားကို ဖေ့ဘွတ်စာမျက်နှာထက်မှာ ရေးသားတင်ပေးလာခဲ့ပါတယ်။ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေသလို သမီးလေးအတွက်လည်း အကောင်းဆုံး ထောက်ပံ့ကာပျိုးထောင်ပေးတဲ့ မေကဗျာက မိန်းကလေးတွေအားကျရတဲ့ အမျိုးသမီးတစ်ဦးပဲ ဖြစ်ပါတယ်။
ဒါ့အပြင် သူမရဲ့ သမီးလေး ဂင်္ဂါမေက အနေအေးပြီး လိမ္မာရေးခြားရှိကာ ပညာရေးမှာ ထူးချွန် ထက်မြတ်တာကြောင့်လည်း အမြဲ ဂုဏ်ယူနေရတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ သမီးလေးရဲ့ မွေးနေ့အတွက် မေမေ မေကဗျာက " Happybirthday သဲလေး မေမေ့ရဲ့အချစ်ဆုံး အရာရာတိုင်းထက်အချစ်ဆုံး မေမေကြိုးစားသမျှ ရုန်းကန် သမျှ ပင်ပန်းသမျှ မေမေသဲလေး ဘဝအတွက်ပါ မေမေဘဝရဲ့မမဂိုးဂိုး ကမ္ဘာ့အမျိုးသမီးများနေ့မှာ ထူးခြားစွာမွေးလာတဲ့မေမေ့သမီးလေး ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးကောင်းဖြစ်ပါစေ " ဆိုပြီး ဆုတောင်းပေးလာခဲ့တာဖြစ်ပါတယ်။
အခုလို ကြည်နူးစရာ ဆုတောင်းစကားတွေအပြင် ငယ်ရုပ်မပြောင်းတဲ့ သမီးလေး ဂင်္ဂါမေရဲ့ ချစ်စရာပုံတွေကိုလည်း တင်ပေးခဲ့ပါသေးတယ်။ကမ္ဘာ့အမျိုးသမီးများနေ့မှာ ထူးခြားစွာ မွေးဖွားလာတဲ့ မေကဗျာရဲ့ တစ်ဦးတည်းသော သမီးလေး ဂင်္ဂါမေ ပုံတွေကိုလည်း ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ သရုပ်ဆောင် မင်းသမီးကြီး မေကဗျာရဲ့ သမီးလေး ဂင်္ဂါမေ မွေးနေ့မှာ ပရိသတ်တွေကလည်း ကောမန့်မှာ ဆုတောင်းစကားတွေပြောပေးခဲ့ကြပါအုန်းနော်။
သတင်း အရင်းအမြစ်៖ Source - Ei Phyo Wai's FB account