အမှန်တရားဘက်က ရပ်တည်ရင်း အသက်ပေးလိုက်ရတဲ့ ညီလေးစည်သူရှိန်ရဲ့နာရေးကို လိုက်လံပို့ဆောင်ပေးပြီး စိတ်မကောင်းဖြစ်နေတဲ့ ဇေယျ

//s9.kh1.co/b8/b857b3d3c08e02b89b9061945a80f6e4e1a175de.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အမှန်တရားဘက်က ရပ်တည်ရင်း အသက်ပေးလိုက်ရတဲ့ ညီလေးစည်သူရှိန်ရဲ့နာရေးကို လိုက်လံပို့ဆောင်ပေးပြီး စိတ်မကောင်းဖြစ်နေတဲ့ ဇေယျ

ပြည်သူတွေကတော့ နွေဦးတော်လှန်ရေးမှာ အားမာန်အပြည့်နဲ့ ပါဝင်လုပ်ဆောင်နေကြတာပဲဖြစ်ပြီး လူထုလှုပ်ရှားမှုတွေ ပြုလုပ်ရင်း ထိခိုက်ဒဏ်ရာရရှိသူတွေ များစွာရှိနေခဲ့ပါတယ်။ နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပါဝင်ကြရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေလည်းရှိနေခဲ့ပြီး ပြည်သူတွေကတော့ ဆုံးပါးသွားသူတွေအတွက် ကြိုးစားရှာဖွေထားတဲ့ ပိုက်ဆံတွေကို လှူဒါန်းနေကြပါတယ်။နွေဦးတော်လှန်ရေးကို နာမည်ကြီးအနုပညာရှင်တွေကပါ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပြီး တက်တက်ကြွကြွပါဝင်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

Photo Credit:  zay ya thein ' s Facebook Acc
Photo Credit:  zay ya thein ' s Facebook Acc
Photo Credit:  zay ya thein ' s Facebook Acc
Photo Credit: zay ya thein ' s Facebook Acc

သရုပ်ဆောင်ဇေယျကတော့ အမှန်တရားဘက်ကနေ ပြည်သူလူထုနဲ့အတူ ရပ်တည်လျက်ရှိပြီး လိုအပ်တဲ့နေရာတွေမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီအားဖြည့်ပေးနေတာဖြစ်ပါတယ်။သူကတော့ အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေအတွက် စိတ်မကောင်းဖြစ်မိ​ကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့သေးတာပဲဖြစ်ပါတယ်။ဇေယျကတော့ မြောက်ဥက္ကလာမှာ ကျဆုံး‌သွားခဲ့ရတဲ့ ညီလေးစည်သူရှိန်ရဲ့နာရေးကို လိုက်ပါပို့ဆောင်ပေးရင်း  စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

Photo Credit:  zay ya thein ' s Facebook Acc
Photo Credit: zay ya thein ' s Facebook Acc
Photo Credit:  zay ya thein ' s Facebook Acc
Photo Credit: zay ya thein ' s Facebook Acc

ဇေယျကတော့ " မြောက်ဥက္ကလာမှာ ကျဆုံး‌သွားသောအာဇာနည် ညီလေးစည်သူရှိန် (ခ)မြတ်သူရှိန် အသက်(၁၈)နှစ် ရဲ့နာရေးကို လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်မိသားစုနှင့် ထပ်တူ၀မ်းနည်းရပါတယ် ကောင်းရာသုဂတိလားပါစေညီလေး " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံအတွက် အသက်ပေးလိုက်ရတဲ့ ညီလေးစည်သူရှိန်ရဲ့နာရေးကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ဇေယျရဲ့ ပုံရိပ်လေးတွေကို  ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :zay ya thein ' s Facebook Acc

Photo Credit: zay ya thein ' s Facebook Acc
Photo Credit: zay ya thein ' s Facebook Acc
Photo Credit: zay ya thein ' s Facebook Acc
Photo Credit: zay ya thein ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T