ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ မင်းသမီးမေကဗျာက ယနေ့ မတ်လ (၅) ရက်နေ့မှာ တစ်ဦးတည်သော သမီးလေးရဲ့ မွေးနေ့အကြိုအနေနဲ့ မွန်မြတ်တဲ့ ကုသိုလ်အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူက တခြားအလှူရှင်တွေနဲ့ စုပေါင်းပြီး မကြာသေးမှီ ရက်ပိုင်းလောက်က တိုင်းပြည်အတွက် အနာဂတ်အိမ်မက်တွေ မပျောက်သွားအောင် လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည်တချို့ရဲ့ မိသားစုဝင်များကို အလှူငွေများ တက်နိုင်သလောက် လှူဒါန်းပေးခဲ့ပါတယ်။


ဒါ့အပြင် သမီးလေးရဲ့ မွေးနေ့အကြိုအလှူနဲ့ ပတ်သက်ပြီး ပြောပြထားရာမှာလည်း " သမီးလေးရဲ မွေးနေ့အကြိုအလှူလေးပါ....သမီးရဲ့ မုန့်ဖိုးလေးကိုလှူချင်တယ်ဆိုလို့ ဒီနေ့ သမီးလေးနှင့်မေမေတို့ ကိုယ်တိုင် တိုင်းပြည်အတွက်အသက်ပေးသွားတဲ့ ကိုဖိုးချစ် မောင်လေးဇွဲထက်စိုး မိသားစု အားသွားရောက်အားပေးရင်းလှူဒါန်းခဲ့ပါတယ်.....ကဗျာ နှင့်ကဗျာတို့သူငယ်ချင်းများမှလည်းပါဝင်ကုသိုလ်ပြုလှူဒါန်းပေးလို့ကျေးဇူးပါ " ဆိုပြီး လူမှုကွန်ယက်မှာရေးသားထားပါတယ်။


မေကဗျာက လတ်တလောမှာ အမှန်တရားကိုလိုလားတဲ့ ပြည်သူပြည်သားတွေနဲ့အတူ တက်တက်ကြွကြွ လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် လမ်းမပေါ်ကပြည်သူတွေအတွက်လည်း တက်နိုင်သလောက် အလှူလေးတွေကို လှူဒါန်းခဲ့ပါတယ်။ ကဲ..ပရိသတ်ကြီးရေ ယခုတစ်ခါမှာလည်း သမီးလေးရဲ့ မွေးနေ့အကြိုအနေနဲ့ ကြွေလွင့်သွားတဲ့ အာဇာနည်တွေအတွက် အလှူအငွေများသွားရောက်လှူဒါန်းပေးခဲ့တဲ့ မေကဗျာတို့သားအမိတွေကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦး။


သတင်း အရင်းအမြစ်៖ Source - May Kabyar fb page