လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ (၁)ရက်နေ့တည်းကစတင်ပြီးဖြစ်ပွားခဲ့တဲ့အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ အခုလိုပြည်သူပရိသတ်တွေဘက်ကနေ အနုပညာရှင်တွေကလည်း တတ်နိုင်သရွေ့ပါ၀င်အားဖြည့်နေကြတာကိုလည်း တွေ့ရပါတယ်နော်.....။


ပြည်သူတွေဘက်ကနေတတ်နိုင်သရွေ့ပါ၀င်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် Mrtv-4ရဲ့ မင်းသမီးချောလေး ခေးဆက်သွင်လည်းအပါအ၀င်ဖြစ်ပါတယ်။ ခေးဆက်သွင်ဟာလည်း လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ရက်ပိုင်းကစတင်ပြီး တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာလှုပ်ရှားနေသလို အစားအသောက်နဲ့အအေးဘူးတွေပါလှူဒါန်းပေးနေတာဖြစ်ပါတယ်။


၂၈.၂.၂၀၂၁မှာပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ်လူထုလှုပ်ရှားမှုကြီးမှာဆိုရင်လည်း ခေးဆက်သွင်ဟာပြည်သူတစ်ယောက်အနေနဲ့ပါ၀င်ခဲ့တာဖြစ်ပြီး ပုံရိပ်တွေကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ
"No caption required......" ဆိုတဲ့ captionလေးနဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်း အရင်းအမြစ်៖ Khay Sett Thwin's Facebook acc





