လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ (၁)ရက်နေ့တည်းကစတင်ပြီးဖြစ်ပွားခဲ့တဲ့အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာ အရှိန်အဟုန်ကောင်းနေဆဲဖြစ်ပြီး ဒီနေ့ဆိုရင် ၂၈ရက်မြောက်နေ့ကိုရောက်ရှိလာနေပြီဖြစ်ပါတယ်နော်....။


တက်ကြွစွာပါ၀င်နေကြတဲ့ ပြည်သူလုထုတွေထဲမှာဆိုရင် အနုပညာရှင်အတော်များများလည်းပါ၀င်နေတာဖြစ်ပြီး ဘေဘီမောင်တစ်ယောက်လည်း တတ်နိုင်တဲ့ဘက်ကနေပါ၀င်အားဖြည့်နေတာဖြစ်ပါတယ်။ ဘေဘီမောင်ဟာနေ့ဘက်တွေမှာလည်း ပြည်သူတစ်ယောက်အနေနဲ့ လူထုလှုပ်ရှားမှုတွေမှာပါ၀င်နေသလို ညဘက်တွေအထိပါ သံပုံးတီးရင်းပြည်သူပရိသတ်တွေနဲ့အတူ ရပ်တည်နေတာဖြစ်ပါတယ်နော်။


မြန်မာနိုင်ငံကလူထုတစ်ရပ်လုံးဟာလည်း နေ့ဘက်တွေမှာပါမက ညဘက် (၈)နာရီရောက်တိုင်းလည်း သံပုံးတီးကြကာတက်ကြွစွာပါ၀င်နေကြတာပါ။ ဘေဘီမောင်ဟာလည်း သူမရဲ့ Facebookစာမျက်နှာမှာ "တီးလွန်းလို့ ရစရာကိုမရှိတော့ဘူး ဇလုံရယ်...." ဆိုတဲ့ captionလေးရေးကာ ပုံတွေတင်ပေးထားခဲ့တာပါ။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်း အရင်းအမြစ်៖ Baby Maung's Facebook acc