ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ နယ်ပယ်အသီးသီးက အနုပညာရှင်တွေကလည်း လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေတာ အားလုံးမြင်တွေ့ရမှာပါနော်..။
ပြည်သူတွေအားလုံးရဲ့ဆန္ဒနဲ့အတူ ထပ်တူကြတဲ့သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ အင်တိုက်အားတိုက်အားဖြည့်နေကြတဲ့ အနုပညာရှင်တွေကိုတော့ ပရိသတ်တွေအနေနဲ့ သဘောကျနေကြတာလည်း ဖြစ်ပါတယ်..။
ယနေ့ ဖေဖော်ဝါရီလ(23)ရက်နေ့မှာတော့ ပြည်သူတွေနဲ့အတူ ရာဇာနေဝင်း၊ ဟေမာနေဝင်း၊ ဇွဲနိုင်ဝင်း၊ ကောင်းမြတ်၊ ရဲမွန်နဲ့ အခြားသောအနုပညာရှင်တွေဟာသီချင်းတွေသီဆိုဖျော်ဖြေနေကြပြီး တက္ကသိုလ်ရိပ်သာလမ်းမပေါ်မှာ ငြိမ်းချမ်းစွာလူထုလှုပ်ရှားမှုတွေပြုလုပ်နေကြတာ တွေ့ရပါတယ်နော်..။
သီချင်းတွေသီဆိုကာ ဖျော်ဖြေမှုတွေပြုလုပ်ရင်း ပြည်သူလူထုနဲ့အတူ ပူပေါင်းပြီး ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေပြုလုပ်နေကြတဲ့ သူတို့အဖွဲ့ရဲ့ပုံရိပ်လေးတွေကိုလည်း ဇွဲနိုင်ဝင်းက ပရိသတ်တွေကို ပြန်လည်ဝေမျှထားတာ ဖြစ်ပါတယ်..။
"23.2.2021
ကောင်းမြတ် ရဲမွန် ကျွန်တော် ကိုရာဇာနေဝင်း 7days.." ဆိုပြီး ငြိမ်းချမ်းတက်ကြွစွာပါဝင်အားဖြည့်ခဲ့ကြတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဇွဲနိုင်ဝင်းက ဝေမျှထားတာပါ..။
အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပြည်သူတွေနဲ့ တန်းတူရပ်တည်နေကြတဲ့ ဂီတအနုပညာရှင်တွေအပြင် နယ်ပယ်အသီးသီးကအနုပညာရှင်တွေကိုလည်း ပြည်သူပရိသတ်တွေကလည်း ထောက်ခံအားပေးနေကြတာလည်း တွေ့ရပါတယ်နော်..။
သတင်း အရင်းအမြစ်៖ Zwe Naing Win's Fb Acc