အဝေးရောက်နေတဲ့အချိန်လေးမှာ သမီးလေးက သူ့ရဲ့မွေးနေ့လေးကို စုထားတဲ့မုန့်ဖိုးလေးနဲ့ လှမ်းကန်တော့ခဲ့လို့ ဝမ်းသာကြည်နူးပြီး စိတ်မကောင်းစွာပြောပြလာတဲ့ ညီနန္ဒ

//s9.kh1.co/9a/9a3df493d4f7d22d1b7842037326439b244305c1.jpg
အနုပညာရှင်များ

 ២៣-កុម្ភៈ-២០២១ ១០ព្រឹក · ៦ ឆ្នាំមុន

.

ပရိသတ်တွေရဲ့ ရင်ထဲမှာရပ်တည်ပြီး အနုပညာလောကမှာ တစ်ချိန်က အောင်မြင်မှုတွေကို သိမ်းပိုက်ထားတဲ့ သူကတော့ ဝါရင့်မင်းသားကြီး ညီနန္ဒ ပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ညီနန္ဒ က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့ လုပ်ကိုင်နေတဲ့အပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုလည်း ကြိုးကြိုးစားစား လုပ်ကိုင်နေတာတွေ့ရပါတယ်။ ဒါ့အပြင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာသမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

Photo Credit - Nyi Nanda fb account
Photo Credit - Nyi Nanda fb account
Photo Credit - Nyi Nanda fb account
Photo Credit - Nyi Nanda fb account

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပရိသတ်တွေရဲ့ အချစ်တော် ညီနန္ဒရဲ့ မွေးနေ့လေးကိုကျရောက်ခဲ့ပါတယ်။ လတ်တလောမှာတော့ ညီနန္ဒ ဟာ လူထုလှုပ်ရှားမှုမှာ အားကြိုးမာန်တက်ဖြင့် ပြည်သူတွေနဲ့အတူ ပါဝင်လုပ်ဆောင်ရင်း ဘက်ပေါင်းစုံက နိုင်ငံဝန်ထမ်းများကို လှုပ်ရှားမှုမှာ ပိုမိုပါဝင်ကြဖို့ တိုက်တွန်းပေးခဲ့မှုကြောင့် ယခုအချိန်မှာတော့ အဝေးမှာ ခေတ္တရှောင်ရှားနေတာဖြစ်ပါတယ်။ အဝေးရောက်နေတဲ့အချိန်လေးမှာ မွေးနေ့လေးကို ကျရောက်ခဲ့ပြီး ချစ်စရာသမီးလေးရဲ့ အပြုအမူလေးကြောင့် ကြည်နူးပီတိဖြစ်ကာ သူ့ရဲ့ လူမှုကွန်ယက်မှာပြန်လည်ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Nyi Nanda fb account
Photo Credit - Nyi Nanda fb account
Photo Credit - Nyi Nanda fb account
Photo Credit - Nyi Nanda fb account

ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီးပြောပြထားရာမှာလည်း "သမီးလေးက သူ့မုန့်ဖိုးလေးနဲ့ ကျွန်တော့ကိုမွေးနေ့လှမ်းကန်တော့တာ...ရင်ထဲအသဲထဲက ပြောမပြနိုင်အောင်ချစ်တယ် ဖေ့သဲလေး ရေ...အရေးတော်ပုံကြီးအောင်တာနဲ့ဖေဖေပြန်လာမယ်နော်..." ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ တိုင်းပြည်အတွက် အနာဂတ်အိမ်မက်တွေလှပအောင် လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အဝေးမှာ ခေတ္တရှောင်ရှားနေရတဲ့ ညီနန္ဒကို မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦး။

Photo Credit - Nyi Nanda fb account
Photo Credit - Nyi Nanda fb account
Photo Credit - Nyi Nanda fb account
Photo Credit - Nyi Nanda fb account

သတင်း အရင်းအမြစ်៖ Source - Nyi Nanda fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T