သရုပ်ဆောင်မင်းသားချော ဖြိုးငွေစိုးကတော့ ဗီဒီယိုဇာတ်ကားတွေရော ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးပြီး အနုပညာလောကမှာ အောင်မြင်လာခဲ့သူ ဖြစ်ပါတယ် ။ အနုပညာသက်တမ်းအနေနဲ့ နှစ်အတော်ကြာအောင်ရှိနေပြီဖြစ်တဲ့ ဖြိုးငွေစိုးက အခုချိန်အထိတိုင်အောင် အနုပညာလှုပ်ရှားမှုတွေကိုလုပ်ကိုင်ပြီး ရိုက်ကူးရေးတွေပြုလုပ်နေဆဲ ဖြစ်ပါတယ် ။ ဖြိုးငွေစိုးကတော့ ချစ်ရတဲ့ဇနီး၊ သားလေးတို့နဲ့အတူ သာယာချမ်းမြေ့တဲ့ ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားတာလည်း ဖြစ်ပါတယ် ။
အခုလိုအချိန်မှာတော့ ဖြိုးငွေစိုးက နိုင်ငံအတွက် သူတတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အား ပါဝင်အားဖြည့်ရင်း တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်နေတဲ့ ဖြိုးငွေစိုးက ပြည်သူတွေအတွက် စားစရာတွေနဲ့ အမောပြေအချိုရည်တွေကိုလည်း လိုက်လံဝေငှပေးခဲ့သေးတာ ဖြစ်ပါတယ် ။ အခုတော့ ဖြိုးငွေစိုးက ပြည်သူ့ဝန်ထမ်းတွေဆီမှာ အသနားခံပြီး တောင်းဆိုမှုလေးတစ်ခု ပြုလုပ်လိုက်တာ ဖြစ်ပါတယ် ။
ဖြိုးငွေစိုးက "မိသားစုတွေဘဝမပျက်စေဖို့နဲ့ ကလေးတွေရဲ့အနာဂါတ်မပျောက်စေဖို့အတွက် အကူအညီပေးကြပါ အားကိုးပါတယ် မေတ္တာရပ်ခံပါတယ် အသနားခံတင်ပြတောင်းဆိုပါတယ် ရှိကြီးခိုးရပါရဲ့ခင်ဗျာ"ဆိုပြီး တောင်းပန်ထားတာ ဖြစ်ပါတယ်။ ဖြိုးငွေစိုးက ပြည်သူအားလုံးမှာ မိသားစုတွေရှိကြတာကြောင့် ကိုယ်ချင်းစာပေးပြီး တိုင်းပြည်ကိုကယ်တင်ပေးကြဖို့ သူရဲကောင်းဝန်ထမ်းများကို အနူးအညွတ် မေတ္တာရပ်ခံထားတာပဲ ဖြစ်ပါတယ် ။ ကဲ ဖြိုးငွေစိုးကိုယ်တိုင်မျှဝေထားတဲ့ သူတို့မိသားစုရဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။
Source & Photo Credit -Phyo Ngwe Soe's FB Acc