ပရိသတ်ကြီးရေ.....သရုပ်ဆောင် မင်းသမီးချောလေး ခိုင်နှင်းဝေ ကတော့ အနုပညာလောကမှာ ယခုအချိန်ထိ လူအများရဲ့ ချစ်ခင်အားပေးမှုကို ခံနေရတဲ့ သူပဲ ဖြစ်ပါတယ်နော်......။ခိုင်နှင်းဝေဟာ တစ်ချိန်က ဗီဒီယို ခေတ်တည်းက ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးအောင်မြင်ခဲ့တာဖြစ်ပြီး သူမရဲ့ သရုပ်ဆောင် စွမ်းရည်ဟာ ပီပြင် ကောင်းမွန်တာကြောင့် ပရိသတ်တွေ ရင်ထဲမှာ အခိုင်အမာ နေရာတစ်နေရာကို ရယူထားနိုင်တဲ့ မင်းသမီးတစ်လက် ဆိုလည်း မမှားပါဘူးနော်.....။
ခိုင်နှင်းဝေဟာ အနုပညာအလုပ်တွေကို ရပ်နားထားတာ ဖြစ်ပြီး ပရဟိတအလုပ်တွေကို လုပ်ကိုင်ရင်း "ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ"ကို ဖွင့်လှစ်ထားပြီး ကလေးငယ်လေးတွေကို မေတ္တာအပြည့်နဲ့ ပြုစုစောင့်ရှောက်ကာ မွန်မြတ်တဲ့ စိတ်ထားလေးနဲ့ အလှူတွေကိုလည်း ရက်ရက်ရောရော လှူတန်းနေတာ ဖြစ်ပြီး ဘာသာရေးလည်း အလွန်ကိုင်းရှိုင်းသူပဲ ဖြစ်ပါတယ်။လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေမှာဆိုရင်လည်း ပြည်သူတွေနဲ့ တစ်သားတည်းရှိကာ တတ်နိုင်သလောက် ပါဝင်လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်နော်....။
မနေ့ကဆိုရင်လည်း လမ်းမှာ ဖြတ်သွားရင်း အလှူလေး ပြုလုပ်ခဲ့တဲ့ အကြောင်းကို သူမရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင်"ဒီနေ့ မြောက်ဥက္ကလာ ဘက်သွားရင်းနဲ့ ထားဝယ်ချောင် အမှိုက်ပုံနား ဖြတ်သွားတဲ့ ချိန် နေပူပူထဲမှာ ရေဆာလို့ ရေဗူးတောင်းကြတဲ့ သူတွေကို အချိုရည်ဗူး (၅၀၀) လှူဒါန်းဖြစ်ခဲ့ပါတယ်ရှင်..ဤသို့ အအေးလှူရသော အကျိုးအားကြောင့် ခုနှစ်ရက်သားသမီးများ ရင်ထဲ အပူများ အမြန်ဆုံး ငြိမ်းချမ်းပါစေ ..စိတ်သောကများ အမြန် အေးချမ်းရပါစေ အရှင်ဘုရား..???"ဆိုတဲ့ စာသားနဲ့ အတူ ကြည်နူးစရာ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း ခိုင်နှင်းဝေရဲ့ အလှူလေးကို သာဓုခေါ်ရင်း ဝမ်းသာပီတီ ဖြစ်စေနိုင်ဖို့ အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Khine Hnin Wai FB Account