အဆိုတော် ငွေဇင်လှိုင်းကတော့ အဆိုပြိုင်ပွဲတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှတစ်ဆင့် ဂီတလောကထဲသို့ ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ ဂီတမျိုးရိုးမရှိပေမယ့်လည်း ကိုယ်အားကိုယ်ကိုးကာ ကြိုးစားလာတာကြောင့် အခုလို အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်လာနိုင်တာလည်း ဖြစ်ပါတယ်။ အဆိုတော်တစ်ယောက်ဖြစ်ပေမယ့်လည်း အရေးကြုံလာတဲ့အခါ ပြည်သူတွေနဲ့အတူ တစ်သွေးတည်းတစ်သားတည်း ရပ်တည်ပေးတာကြောင့်လည်း ပရိသတ်တွေက တစ်ခဲနက် အားပေးနေကြတာလည်း ဖြစ်ပါတယ်။
သူမဟာ ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း တစ်တပ်တစ်အား ပါဝင်ဆောင်နေတာကိုလည်း မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ စာလေးတွေ ရေးသားထားတာလည်း ဖြစ်ပါတယ်။ ဒါကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဘဝမှာဒုတ်ကိုင်ပြီးကင်းစောင့်ရမယ်လို့တစ်ခါမှမတွေးဖူးမိကြောင်းဖွင့်ဟပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ငွေဇင်လှိုင်းဟာ ရပ်ကွက်ထဲကို မကြာခဏသူစိမ်းတွေဝင်လာတာကြောင့် ရပ်ကွက်နေပြည်သူလူထုတွေ လုံခြုံမှုရှိစေရန် အခုလို ကင်းစောင့်ပေးနေရတာလည်း ဖြစ်ပါတယ်။ အခုလို မီးကွင်းပစ်တာတွေ တစ်ခါမှမမြင်ဖူးတဲ့ လူစိမ်းဝင်တာမျိုးတွေဟာ အခြားသောရပ်ကွက်တွေမှာလည်း အလားတူဖြစ်ရပ်မျိုးတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။
သူမကလည်း " ကျွန်မ ၁၉၉၁ မှာ မွေးတယ်
အခုအသက် ၂၉
ဘဝမှာ ဒီလိုတုတ်ကိုင်ပီး ရပ်ကွက်ကမိဘပြည်သူတွေအတွက် ကင်းစောင့်ပေးရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး ? ....
နောင်တစ်ချိန် အရာအားလုံး အဆင်ပြေသွားတဲ့အခါ
ကိုယ့်သားသမီး မြေးမြစ်တွေ ကြီးလာရင် ဖွားဖွားငွေက ဒီလို တာဝန်ယူ စောင့်ရှောက်ခဲ့ဖူးပါတယ်လို့ ???.." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ အားလုံးလည်း ကိုယ့်မြို့ရွာ ရပ်ကွက်တိုင်းကို ခါတိုင်းထက် ပိုပြီးလုံခြုံမှုရှိစေရန် ဂရုစိုက်ဖို့လိုကြောင်းတိုက်တွန်းပြောကြားလိုက်ရပြီး အားလုံးလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Ngwezin Hline’s Facebook Account