ညသန်းခေါင်ကြီးရွှေတိဂုံဘုရားအားလက်အုပ်ချီကန်တော့ကာငိုငိုပြီးတောင်းပန်နေရတဲ့သူမရဲ့အဖြစ်အားဝမ်းနည်းစွာပြောပြလာတဲ့ ခင်သဇင်

//s9.kh1.co/bc/bcfaef8132ec0e8691b3830bc253429a622f33bc.jpeg
အနုပညာရှင်များ

 ၁၂-ဖေ-၂၀၂၁ ၁am · လွန်ခဲ့သော ၅ နှစ် က

.

သရုပ်ဆောင်  မင်းသမီးချောလေး  ခင်သဇင်ကတော့  အနုပညာအလုပ်တွေကို ပိုပြီးကြိုးစားလုပ်ကိုင်နေသူဖြစ်တာကြောင့်  ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားနေတာလည်း  ဖြစ်ပါတယ်။  သူမဟာ  လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း  ပြည်သူများနဲ့အတူ  တက်တက်ကြွကြွပါဝင်လှုပ်ရှားနေသူ  တစ်ဦးလည်း  ဖြစ်ပါတယ်။   သတင်းအချက်အလက်တွေကိုလည်း  ပရိသတ်တွေသိရှိနိုင်အောင်  အချိန်နဲ့တစ်ပြေးညီ  တင်ပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ညသန်းခေါင်ကြီးရွှေတိဂုံဘုရားအားလက်အုပ်ချီကန်တော့ကာငိုငိုပြီးတောင်းပန်နေရတဲ့သူမရဲ့အဖြစ်အားဝမ်းနည်းစွာပြောပြလာတာပဲ  ဖြစ်ပါတယ်။  သူမကလည်း " အခု  ကျွန်မ fb ပေါ်က live တစ်ခုကြည့်ပြီး ထငိုရတယ်.. 

အစာအိမ်တွေလည်း ခုနာနေပါပြီ

ဘဝမှာ ရွှေတိဂုံဘုရားကြီးကို ခုလို သန်းခေါင်အချိန်ကြီး လက်အုပ်ချီချီပြီး ကန်တော့ပြီး ငိုကြွေးတောင်းပန်ရတာဒါကျွန်မ ဘဝတစ်လျှောက်လုံးမှာ ပထမဦးဆုံးပါပဲ

ကျွန်မ ဘဝ တစ်လျှောက်လုံး ခံစားခဲ့ရတဲ့ နာကျင်ခြင်းတွေက ယခု အဖြစ်အပျက်ဆိုးကြီးတွေလောက် တုန်လှုပ်စရာကောင်းမနေခဲ့ဘူး

Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 

ကျွန်မ ခါးစည်းခံနိုင်ခဲ့တယ်

ခံနိုင်ရည် အထိုက်အလျောက်ရှိခဲ့တယ်

အခု ကျွန်မတို့ ပြည်သူတွေရဲ့ ငိုကြွေးဒေါသ စိုးရိမ် ပူပန်သံတွေက ကျွန်မရင်ထဲကို တည့်တည့်လာပြီး ထိမှန်ပါတယ်

ဝန်ခံပါတယ်..

ကျွန်မ ဒီအချိန်တကယ်ခံနိုင်ရည်မရှိဘူး..

ကျွန်မ နာနာကျင်ကျင် အိပ်ယာပေါ်မှာ လူးလှိမ့်ငိုနေရုံက လွဲလို့ ကျွန်မရဲ့ တိုင်းပြည်အပေါ် ကျွန်မ ဘာတွေများလုပ်ဆောင်ပေးပြီးပြီလဲလို့ အတွေးပေါင်းများစွာနဲ့ ရှက်ရွံ့စွာတွေးရင်း ကျွန်မရဲ့ အသည်းတွေ တကယ်ကို ကွဲကြေနေပါပြီ ... 

အသည်းကွဲတယ်ဆိုတဲ့ ခံစားချက်ကို ကျွန်မအခုမှ ရေရေလည်လည်ခံစားဖူးပါပြီ

ကျွန်မရဲ့ အသည်းတွေက ပြည်သူတွေရဲ့ ငိုကြွေးသံနဲ့ အတူ အစိတ်စိတ်အမွှာမွှာကွဲကြေနေပါပြီ.....

(သံဗုံးလေး တီးပေးကြပါ လို့အော်အော်ပြီး ပြေးနေတဲ့ သူ့ရဲ့ အသံ.....

ကျွန်မတို့ ပြည်သူတွေရဲ့ အရေးကြောင်းဆို တခုတည်းသော အားကိုးစရာ ကသံဗုံးတဲ့လားကွာ) 

၁၂:၂:၂၀၂၁

၁၂:၃၀ " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khin Thazin’s Facebook Account 

Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Photo Crd-Khin Thazin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T