အဆိုတော် အာဘွိုင်းနဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ကတော့ အရမ်းကိုလိုက်ဖက်လွန်းတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ် ။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ သူတို့စုံတွဲလေးက ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ပြီလည်း ဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခံထားရတဲ့အပြင် အနုပညာညီကိုမောင်နှမတွေကပါချစ်ခင်ကြတာတွေ့ရပါတယ်။
အာဘွိုင်းနဲ့ မြတ်ရတနာကျော်ကတော့ လက်ရှိမှာ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပြီး ချစ်စရာ သမီးချောလေးတစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြတာ တွေ့ရပါတယ်။ Scarlettလေးဟာလည်း မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနဲ့ ဖြူဖွေးဝင်းဥနေပြီး ဘာဘီရုပ်မလေးလို အရမ်းအသည်းယားစရာကောင်းတဲ့ ကလေးလေးပါနော်။
အမြဲလိုလို မိသားစုပုံရိပ်လေးတွေကို ပရိသတ်တွေကြည့်ရှုနိုင်စေရန် အမြဲဖော်ပြလေ့ရှိတာလည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း အင်္ကျီဆင်တူလေးတွေဝတ်ကာ မြင်သူတိုင်းအချစ်ပိုအားကျသွားရလောက်တဲ့ မိသားစုပုံလေးတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ ပုံလေးတိုင်းက အခါခါပြန်ကြည့်ချင်ရလောက်အောင် ကြည်နူးအားကျစရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။