ပရိသတ်ကြီးရေ Mrtv-4ဇာတ်လမ်းတွဲတွေရဲ့ ချစ်စရာမင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ ပိုးကြာဖြူခင်ကိုသိကြမယ်ထင်ပါတယ်နော်....။ သူမဟာ မိုးကောင်ကင်အိမ်မက်ဆိုတဲ့ ဇာတ်လမ်းတွဲမှာဆိုင်းမိုင်အနေနဲ့ပါ၀င်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေက သူမကိုနောက်ပိုင်းမှာဆိုင်းမိုင်လို့ချစ်စနိုးခေါ်ကြတာပါနော်။ ပိုးကြာဖြူခင်ဟာ အနုပညာအလုပ်တွေဆက်တိုက်ဆိုသလိုကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး ပရိသတ်အားပေးချစ်ခင်မှုအပြည့်အ၀ရရှိထားတဲ့သူဖြစ်ပါတယ်။
ပိုးကြာဖြူခင်ဟာ အသံချိုချိုအေးအေးလေးကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပြီး သီချင်းလေးတွေကိုလည်း ပရိသတ်ရင်ထဲရောက်အောင်သီဆိုနိုင်တဲ့သူလေးဖြစ်ပြီး သီချင်းသစ်လေးတွေလည်းထွက်ရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း ပိုးကြာဖြူခင်ဟာ ကြော်ငြာတွေလည်းဆက်တိုက်ရိုက်ကူးနေသလိုTik Tokလေးတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်နော်.....။
အခုဆိုရင်လည်း ပိုးကြာဖြူခင်ဟာရိုက်ကူးရေးပြုလုပ်နေတဲ့ဗီဒီယိုလေးကိုသူမရဲ့ Tik Tok accလေးမှာတင်ပေးလာခဲ့ပါတယ်။ ပိုးကြာဖြူခင်ဟာ အနက်ရောင်ဂါ၀န်လေးကို၀တ်ဆင်ကာ တင့်တယ်လှပနေတဲ့ပုံစံလေးနဲ့ အမိုက်စားပို့စ်တွေပေးနေတာပါနော်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Poe Kyar Phyu Khin's Tik Tok acc