အားသွန်ခွန်စိုက် လုံးပန်းခဲ့ရတဲ့ ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ဇာတ်ကားကြီးကို သင်္ကြန်မှာ ပြန်ပြခွင့်ရဖို့ မျှော်လင့်နေကြောင်း ပြောလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

//s9.kh1.co/db/dbb3d9782fc48a33b76ed85a80faedfa52cf6d59.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၄ နှစ် က

.

ပရိသတ်ကြီး တို့ရေ….ဂီတ လောကမှာ အချိန်ကြာမြင့်စွာ ရပ်တည်နေ နေပြီး လူကြီး လူငယ် မရွေးကြိုက်နှစ်သတ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကို တော့ အားလုံးသိကြမယ် ထင်ပါတယ်။ ခေတ်ပေါ် တေးသီချင်းတွေကို သီဆို ရာကနေ ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိခဲ့ပြီး အနုပညာ လောကထဲကို စတင်ရောက်ရှိလာခဲ့တာ ပဲဖြစ်ပါတယ်။ ဆယ်စုနှစ် တစ်စုကြာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ စိုင်းစိုင်း ဟာ လက်ရှိ အချိန်မှာလည်း တေးသီချင်း အသစ် တွေကို ဖန်တီး နေပြီး ဂီတ လမ်းကို ဆက်လက် လျှောက်လှမ်းနေကာ ယနေ့ အချိန်ထိ တိုင်အောင် အောင်မြင်မှုတွေ ရရှိနေတာ ပဲဖြစ်ပါတယ်။ 

Photo Crd - Sai Sai Khan Hlaing Facebook Page
Photo Crd - Sai Sai Khan Hlaing Facebook Page
Photo Crd - Sai Sai Khan Hlaing Facebook Page
Photo Crd - Sai Sai Khan Hlaing Facebook Page

စိုင်းစိုင်း ဟာ လက်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီး တွေကို လက်ခံ ရိုက်ကူးနေပြီး ပရိသတ်တွေ အားပေးထောက်ခံမှု ရရှိကာ အနုပညာ အလုပ်တွေ နဲ့ အဆက်အသွယ် မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။ စတိုင်စမက် ကျပြီး ခန္ဓာကိုယ် ကလည်း ကျစ်လစ် တောင့် တင်းနေကာ အရွယ်တင် နုပျိုနေတာ ကြောင့် နှုတ်ခမ်းနီ မလေးတွေ တမ်းတမ်းစွဲ ဝန်းရံတာ ကိုခံနေရတဲ့ သူတစ်ဦး ပဲဖြစ်ပါတယ်။ ယခုအခါမှာတော့ မနှစ်က ဒီလိုချိန် ပိတောက် ကတဲ့ ဂီတ ပြသဖို့ အတွက် လုံးပန်းနေရတာ ဖြစ်ကြောင်း ပြန်လည် မျှဝေလာတာ ပဲဖြစ်ပါတယ်။

Photo Crd - Sai Sai Khan Hlaing Facebook Page
Photo Crd - Sai Sai Khan Hlaing Facebook Page
Photo Crd - Sai Sai Khan Hlaing Facebook Page
Photo Crd - Sai Sai Khan Hlaing Facebook Page

ပရိသတ်တွေ အားပေးထောက်ခံမှု ရရှိခဲ့တဲ့ ပိတောက်ကတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဟာ ကိုဗစ် အခြေအနေကြောင့် ခနတာ ပဲ ရုံတင်ပြသခွင့် ရရှိခဲ့တာဖြစ်ပြီး ဒီနှစ်သင်္ကြန်မှာ ပြန်ပြခွင့် ရဖို့မျှော်လင့်နေတာ ပဲဖြစ်ပါတယ်။ အရင်ချိန် ဒီလိုနေ့မှာ ပိတောက်ကတဲ့ ဂီတ အတွက် လုံးပန်းနေရင်း ရိုက်ဖြစ် ခဲ့တဲ့ ပုံလေးတွေ နဲ့ အတူ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

“မနှစ်က ဒီအချိန် ပိတောက်ကဖို့ အသည်းအသန်လုံးပန်းနေတာပေါ့

ဒီနှစ် သင်္ကြန်မှာ ပြန်ပြခွင့်ရရင်သိပ်ကောင်းမှာပဲ

ကျနော်တို့ အားလုံး ဆုတောင်းနေကြပါတယ်

ပိတောက်ကတဲ့ဂီတ

ရုပ်ရှင်” ဆိုတဲ့ခေါင်းစဉ်လေး တပ်ပြီး ဖော်ပြလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည် မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်နော်…..။

Photo Crd - Sai Sai Khan Hlaing Facebook Page
Photo Crd - Sai Sai Khan Hlaing Facebook Page
Photo Crd - Sai Sai Khan Hlaing Facebook Page
Photo Crd - Sai Sai Khan Hlaing Facebook Page
Photo Crd - Sai Sai Khan Hlaing Facebook Page
Photo Crd - Sai Sai Khan Hlaing Facebook Page

သတင်း အရင်းအမြစ် Sai Sai Khan Hlaing Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T