သရုပ်ဆောင် မင်းသမီးကြီး စိုးမြတ်သူဇာကတော့ ဘယ်ဇာတ်ရုပ်ကိုမဆို တိကျပိုင်နိုင်အောင် သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့် ဒါရိုက်တာတွေရဲ့ ချီးကျူးမှုတွေကိုသာ ရရှိထားရုံသာမကဘဲ ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင် အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူလည်း ဖြစ်ပါတယ်။ မကြီးစိုးဟာ အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ်လုပ်ကိုင်ခဲ့ပြီး အကယ်ဒမီထူးချွန်ဆုတွေလည်း သိမ်းပိုက်ရရှိထားတဲ့ ပြည်သူချစ် မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။



အခုမှာလည်း သရုပ်ဆောင် ညောင်ညောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မကြီးစိုးရဲ့ ပုံလေးတွေကို အမှတ်တရအနေနဲ့ တင်ပေးထားတာလည်း ဖြစ်ပါတယ်။ ဒါကတော့ မင်းသားဝတ်စုံဝတ်ကာ ပရိသတ်တွေကိုအူတက်အောင်ရယ်မောစေခဲ့တဲ့မကြီးစိုးရဲ့အမှတ်တရပုံရိပ်တွေကိုထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ညောင်ညောင်ကလည်း " ရှေးခေတ်ဟောင်းအောက်မေ့ဖွယ်" ဆိုပြီးရေးသားထားတာလည်း ဖြစ်ပါတယ်။



မကြီးစိုးရဲ့ ဇာတ်ကခဲ့တဲ့ ပုံရိပ်တွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပြည်ပနိုင်ငံတစ်ခုတွင် သွားရောက်ဖျော်ဖြေခဲ့စဉ်က ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာနဲ့ပတ်သတ်ပြီး ဘက်စုံထူးချွန်အောင် အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပြီး လတ်တလောမှာလည်း ဘားအံမြို့တွင် ရိုက်ကူးရေးအတွက် ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သရုပ်ဆောင် ညောင်ညောင်တင်ထားတဲ့ အမှတ်တရပုံလေးတွေကို တစ်ဆင့် ပြန်လည်ကူးယူဖော်ပြတင်ဆက် ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Nyi Nyi Hlaing’s and Soe Myat Thuzar’s Facebook Account








