မောင်တစ်ထမ်း၊မယ်တစ်ရွက်လိုမျိုး အလုပ်ကြိုးစားတာကြောင့် ဆိုင်ခွဲသစ်ဖွင့်ဖို့အတွက် အတူတူသွားရောက်စစ်ဆေးနေတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ

//s9.kh1.co/d8/d8f46a9f316246f1716a475b7cebda1d4fb1d4ee.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၅ နှစ် က

မောင်တစ်ထမ်း၊မယ်တစ်ရွက်လိုမျိုး အလုပ်ကြိုးစားတာကြောင့် ဆိုင်ခွဲသစ်ဖွင့်ဖို့အတွက် အတူတူသွားရောက်စစ်ဆေးနေတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ

အလှူရေစက်လက်နဲ့မကွာဘဲ အမြဲလှူဒါန်းနေတဲ့ သရုပ်ဆောင်စမိုင်းလ်ကတော့ အရမ်းစိတ်ထားကောင်းတဲ့သူဖြစ်ပြီး လူအများအပြားရဲ့ချစ်ခင်မှုတွေကို ရရှိထားတာဖြစ်ပါတယ်နော်။စမိုင်းလ်တို့ဇနီးမောင်နှံက မောင်တစ်ထမ်း၊မယ်တစ်ရွက်လိုပုံစုံမျိုးနဲ့ အေးအတူပူအမျှနေထိုင်နေကြတာဖြစ်ပါတယ်။စမိုင်းလ်တို့ဇနီးမောင်နှံမှာ ဆယ်ကျော်သက်အရွယ်သမီးလေးနှစ်ယောက်လည်းရှိတာကြောင့် သူမတို့ရဲ့မိသားစုဘဝလေးက ပြီးပြည့်စုံပြီး အေးချမ်းနေတာဖြစ်ပါတယ်နော်။

Photo Credit:Smile စမိုင်းလ် Facebook page
Photo Credit:Smile စမိုင်းလ် Facebook page
Photo Credit:Smile စမိုင်းလ် Facebook page
Photo Credit:Smile စမိုင်းလ် Facebook page

စမိုင်းလ်ရဲ့ခင်ပွန်းကိုပြည့်မောင်ကလည်း အေးအေးဆေးဆေးနေတတ်တဲ့သူဖြစ်ပြီး ချစ်ဇနီးလေးကိုလည်း အမြဲစိတ်ချမ်းသာအောင်ထားပေးတာဖြစ်ပါတယ်။စမိုင်းလ်က သူမကိုအရမ်းချစ်ပြီး လိုတာမှန်သမျှဖြည့်ဆည်းပေးတဲ့ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားလို့ အရမ်းကံကောင်းပြီး သာယာလှပတဲ့ဘဝ‌လေးမှာနေထိုင်နေရတာဖြစ်ပါတယ်နော်။လတ်တလောမှာဆိုရင် စမိုင်းလ်တို့ဇနီးမောင်နှံက စီးပွားရေးအသစ်တွေကိုချဲ့ထွင်နေပြီး ပိုလှူနိုင်အောင်လို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ 

Photo Credit:Smile စမိုင်းလ် Facebook page
Photo Credit:Smile စမိုင်းလ် Facebook page
Photo Credit:Smile စမိုင်းလ် Facebook page
Photo Credit:Smile စမိုင်းလ် Facebook page
Photo Credit:Smile စမိုင်းလ် Facebook page
Photo Credit:Smile စမိုင်းလ် Facebook page

စမိုင်းလ်ကတော့ ကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေကြတဲ့လူတွေအတွက် စဉ်းစားပြီး "Smile Mart"ဆိုတဲ့ ဆိုင်ခွဲလေးကိုဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။သူမရဲ့ဆိုင်မှာ လာရောက်တင်ထားကြတဲ့ကုန်ပစ္စည်းတွေပေါ်မှာ အမြတ်လုံးဝမယူဘဲ စေတနာအပြည့်နဲ့ကူညီပေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း စမိုင်းလ်က "Smile Mart"ဒုတိယဆိုင်ခွဲလေးကို ထပ်မံဖွင့်လှစ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။စမိုင်းလ်တို့ဇနီးမောင်နှံက အလုပ်တွေအရမ်းကြိုးစားပြီး ဆိုင်ခွဲအတွက် ကိုယ်တိုင်သွားရောက်ကြည့်ရှု့နေကြတဲ့ပုံလေးတွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။ 

Photo Credit:Smile စမိုင်းလ် Facebook page
Photo Credit:Smile စမိုင်းလ် Facebook page
Photo Credit:Smile စမိုင်းလ် Facebook page
Photo Credit:Smile စမိုင်းလ် Facebook page

Source&Photo Credit:Smile စမိုင်းလ် Facebook page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T