နေ့တွင်းချင်းခွဲစိတ်မှုတွေပြုလုပ်ရတဲ့ သမီးလေးထင်သစ္စာရဲ့လက်ရှိအခြေအနေနဲ့ ခွဲစိတ်မှုရလဒ်တွေကို အသိပေးပြောပြလာတဲ့ ခင်ဇာခြည်ကျော်

//s9.kh1.co/d7/d76c96d021ca3d33cd7092910ae3a1df508fe5a4.jpg
အနုပညာရှင်များ

 ၂၈-ဇန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၅ နှစ် က

..

ပရိသတ်ကြီးရေ.. ထင်သစ္စာကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်ဆယ်လီတစ်ဦးဖြစ်တဲ့ ခင်ဇာခြည်ကျော်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ မျိုးဆက်သစ်ရင်သွေးလေးပဲ ဖြစ်ပါတယ်နော်..။

လူငယ်ဆန်ဆန်လေးနဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့်လည်း ပုရိသပရိသတ်တွေပြင် မိန်းကလေးပရိသတ်တွေကြားမှာပါ အမြဲရေပန်းစားနေတဲ့ ထင်သစ္စာကတော့ ဒီကနေ့လေးမှာတော့ ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်နော်..။

Photo Credit - Lynn Eain Kha
Photo Credit - Lynn Eain Kha
Photo Credit - Khin Zarchi Kyaw's Fb Acc
Photo Credit - Khin Zarchi Kyaw's Fb Acc

ထင်သစ္စာလေးကတော့ ရင်သားမှာအဆီကျိတ်တွေ့လို့ ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရတာဖြစ်ပြီး ခွဲစိတ်အပြီးမှာတော့ သမီးလေးရဲ့ လက်ရှိအခြေအနေနဲ့ ခွဲစိတ်မှုရလဒ်တွေကိုလည်း မဇာလေးက ပရိသတ်တွေကို အသိပေးပြောပြလာပါတယ်နော်..။

"ထင်ထင် ခွဲ စိတ်မှု့ အောင်မြင်ပါတယ်ရှင်...စိတ်ပူပြီးသတင်းမေးကြတဲ့ အနုပညာ ညီအကိုမောင်နှမ များအားလုံး နှင့် ဆွေမျိုးများ မိတ်ဆွေများ အားလုံး အထူးကျေးဇူးတင်ပါတယ်...??????.." ဆိုပြီး သမီးလေးရဲ့ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး ပြောပြထားတာပါနော်..။

Photo Credit - Khin Zarchi Kyaw's Fb Acc
Photo Credit - Khin Zarchi Kyaw's Fb Acc
Photo Credit - Khin Zarchi Kyaw's Fb Acc
Photo Credit - Khin Zarchi Kyaw's Fb Acc

"operation အောင်အောင်မြင်မြင်နဲ့ပီးသွားပါပီ?❤️

ထင့်ကိုစိတ်ပူပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နော်???‍♀️?.." ဆိုပြီး ထင်သစ္စာကလည်း သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ကျေးဇူးတင်စကားလေး ဆိုထားပါသေးတယ်နော်..။

စိတ်ပူနေကြတဲ့ပရိသတ်တွေနဲ့ ခင်မင်ရင်းရင်းကြတဲ့မိတ်ဆွေကို သတင်းကောင်းလေး ပြန်လည်ဝေမျှအသိပေးထားတာမို့ ပရိသတ်တွေလည်းဝမ်းသာနေကြပြီး ကျန်းမာရေးဂရုစိုက်ဖို့ပြောထားကြတာလည်း Comment လေးတွေမှာ တွေ့ရပါတယ်နော်..။

Photo Credit - Khin Zarchi Kyaw's Fb Acc
Photo Credit - Khin Zarchi Kyaw's Fb Acc
Photo Credit - Htin Thitsar's Fb Acc
Photo Credit - Htin Thitsar's Fb Acc

သတင်း အရင်းအမြစ် Khin Zarchi Kyaw's Fb Acc & Htin Thitsar's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T