ပရိသတ်ကြီးရေ သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ ခွန်းဆင့်နေခြည်ကတော့ အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားတာဖြစ်ပါတယ်နော်။လက်ရှိမှာဆိုရင် ခွန်းဆင့်နေခြည်က နယူးယောက်မှာနေထိုင်နေပြီး မြန်မာပြည်မှာကျန်ခဲ့တဲ့မေမေ့ကိုလည်း လှမ်းဂရုစိုက်ပေးသေးတာဖြစ်ပါတယ်။ခွန်းဆင့်နေခြည်ကတော့ အနုပညာအလုပ်တွေခြေလှမ်းကျဲနေပေမယ့် ပရိသတ်တွေရဲ့ချစ်မေတ္တာကိုတော့ ရရှိပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်နော်။



ခွန်းဆင့်နေခြည်က အခုချိန်ထိလည်း နုပျိုနေဆဲဖြစ်လို့ အသက်ကြီးလာတယ်လို့တောင်မထင်ရပါဘူးနော်။ခွန်းဆင့်နေခြည်ဟာဆိုရင် ငယ်ငယ်တုန်းက အလှမယ်ဆုတွေလည်းရရှိခဲ့ပြီး တမူထူးခြားတဲ့အလှအပတွေကြောင့် ပုရိသတွေကြားမှာရေပန်းစားခဲ့တာဖြစ်ပါတယ်။ခွန်းဆင့်နေခြည်ရဲ့အလှအပတွေကတော့ နည်းနည်းလေးမှမလျော့သွားတာကြောင့် ဘယ်အချိန်မဆိုအရမ်းချောပြီး ငယ်ရုပ်လေးကမပြောင်းလဲသွားပါဘူးနော်။ခွန်းဆင့်နေခြည်ကတော့ မိန်းကလေးပီပီ ဂုဏ်သိက္ခာရှိစွာလည်းနေထိုင်တတ်သေးတာဖြစ်ပါတယ်။



အခုဆိုရင်တော့ ခွန်းဆင့်နေခြည်က"ကိုယ်တစ်နေ့အဘွားကြီးအရွယ်ရောက်လာတဲ့ အချိန်မှာ "သူငယ်ငယ်ကဘာကြီးပေါ့" ဆိုပြီးပြောတာမျိုးကို မခံရလေအောင် နေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်ပြီး
ဆင်ခြင်တုံတရားလေးတွေနဲ့နေထိုင်တတ်ကြဖို့ မြန်မာအမျိုးသမီး ညီမငယ်လေးများကို အကြံပြုပေးလိုက်ပါတယ် နော် "ဆိုပြီး မေတ္တာအပြည့်နဲ့ ရေးသားထားတာဖြစ်ပါတယ်။ခွန်းဆင့်နေခြည်ကတော့ စတိုင်လ်ကျကျဝတ်စားဆင်ယင်တတ်ပေမယ့် လုံးဝမရိုင်းဘဲ မြန်မာ့ယဉ်ကျေးမှုနဲ့လျော်ညီစွာပြုမူနေထိုင်တတ်လို့ သူမရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။



Source&Photo Credit:Khun Sint Nay Chi's Facebook Account





