အဆိုတော် သိန်းလင်းစိုးကတော့ သီချင်းတွေကို ကိုယ်တိုင်ရေးစပ်ပြီး သီဆိုတတ်တဲ့ ပရိသတ်အချစ်တော်ပဲ ဖြစ်ပါတယ်။ သိန်းလင်းစိုးက ဂီတလောကမှာ နှစ်အတော်ကြာအောင် ကျင်လည်လာခဲ့တဲ့ တေးသံရှင်တစ်ဦးဖြစ်ပြီး သီချင်းကောင်းတွေ အများအပြားကို ဖန်တီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ သိန်းလင်းစိုးက ရဲလေး၊ အစ္စဏီ၊ သားကြီး၊ ဒီယံတို့နဲ့ ဂီတလမ်းကြောင်းပေါ်မှာ အတူတူလျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ် ။


သိန်းလင်းစိုးက အဆိုပိုင်းမှာ ထူးချွန်ရုံသာမက သရုပ်ဆောင်ပိုင်းမှာပါ ဝါသနာပါတာကြောင့် ဇာတ်ကားတွေရိုက်ကူးခဲ့ရတာလည်း ဖြစ်ပါတယ် ။ ပျော်ပျော်နေတတ်ပြီး ဟာသတွေပြောတတ်တဲ့ သိန်းလင်းစိုးရဲ့အမူအရာတွေကြောင့်လည်း အနုပညာမောင်နှမတွေအားလုံးနဲ့ ရင်းရင်းနှီးနှီးရှိနေတာပဲ ဖြစ်ပါတယ် ။ အခုလည်း သိန်းလင်းစိုးက သူနဲ့အရမ်းကို ခင်မင်ရင်းနှီးတဲ့ မင်းသားချောနေတိုးကို စနောက်ကျီစယ်လိုက်တာ ဖြစ်ပါတယ်။



သိန်းလင်းစိုးက သူနဲ့ဆံပင်အရှည်ထားတာခြင်းတူတဲ့ နေတိုးကို "ဟိတ် ဆံပင်ရှည်တူတူပဲနော် တွဲကြရအောင်" ဆိုပြီး သွားစလိုက်တာ ဖြစ်ပါတယ် ။ အစအနောက်သန်လွန်းတဲ့ သိန်းလင်းစိုးကိုတော့ ထွန်းထွန်းကလည်း နာမည်ပြောင်လေးတစ်ခု ပြန်ပေးလိုက်ပြီး အပီအပြင် ဆေးထိုးလိုက်တာ ဖြစ်ပါတယ် ။ ကဲ ညီအစ်ကိုတွေလို ချစ်ခင်ရင်းနှီးကြတာကြောင့် အမြဲတမ်းစနောက်နေကြတဲ့ သိန်းလင်းစိုး၊ နေတိုးနဲ့ ထွန်းထွန်းတို့ရဲ့အမှတ်တရပုံရိပ်တစ်ချို့ကိုပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Thein Lin Soe's FB Story








