ပရိသတ်ကြီးတို့ရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ MRTV-4 ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို စတင်ရရှိခဲ့ပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးကာ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်အဖြစ် လျှောက်လှမ်းနေပါပြီနော်..။
မေလေးလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ မေမြင့်မိုရ်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ကျော့ရှင်းအေးချမ်းပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြတာဆိုလည်း မမှားပါဘူးနော်..။


သူမရဲ့လှုပ်ရှားမှုလေးတွေအပြင် မိသားစုအမှတ်တရပုံရိပ်လေးတွေကိုလည်း ဝေမျှတတ်တဲ့ မေလေးတစ်ယောက် အမေများနေ့မှာလည်း ချစ်ရတဲ့မေမေ့နဲ့အတူ အမှတ်တရလေးတွေ ထုတ်ပြကာ ဆုတောင်းစကားလေး ဆိုလာပါတယ်နော်..။
ညီအစ်မတွေအလား ထင်မှားရလောက်အောင်ကို အရွယ်တက်နုပျိုပြီး ချောမောတဲ့ ချစ်မေမေနဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ ကြည်နူးပျော်စရာအမှတ်တရလေးတွေကို ထုတ်ပြကာ အမေတွေအားလုံးအတွက် ဆုတောင်းပေးထားတာပါနော်..။


"Happy Mother’s Day မေကြီး?
အမေများနေ့မှာ မေမေများအားလုံးကျန်းမာချမ်းသာပါစေ?
May Myint Mo.." ဆိုပြီး သူမတို့သားအမိနှစ်ယောက်ရဲ့ ပုံလေးတွေကို မေလေးက ဝေမျှထားတာပါ..။
ချစ်စရာကာင်းပြိး အရွယ်တင်လွန်းတဲ့ မေမေနဲ့မေလေးတို့ နှစ်ယောက်ရဲ့ ကြည်နူးစရာပုံလေးတွေကိုလည်း ပရိသတ်တွေက သဘောငျအချစ်ပိုနေကြပြီး အားပေးစကားလေးတွေနဲ့အတူ ဝန်းရံပေးထားကြတာလည်း တွေ့ရပါတယ်နော်..။


သတင်း အရင်းအမြစ်៖ May Myint Mo's Fb Acc