ပရိသတ်ကြီးရေ မင်းသားချောလေးဟိန်းဝေယံကတော့ အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လုပ်ဆာင်နေရင်း မိသားစုကိုဂရုစိုက်ပေးတာဖြစ်ပါတယ်။ဟိန်းဝေယံက တစ်ခေတ်တစ်ခါတုန်းကဆိုရင် နှုတ်ခမ်းနီမလေးတွေ ဝိုင်းဝိုင်းလည်ရတဲ့အထိ အောင်မြင်ကျော်ကြားခဲ့တဲ့မင်းသားတစ်လက်ဖြစ်ပါတယ်နော်။ဟိန်းဝေယံက မိသားစုထဲမှာ သားအကြီးဆုံးဖြစ်လို့ အိမ်ထောင်မပြုသေးဘဲ ဖေဖေ၊မေမေနဲ့ညီမလေးတို့ကို စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။



ဟိန်းဝေယံက ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး လတ်တလောမှာဆိုရင် ချစ်ညီမလေးနဲ့ Liveတွေလွှင့်ကာ ပရိသတ်တွေနဲ့စကားပြောတာဖြစ်ပါတယ်။ဟိန်းဝေယံတို့မိသားစုလေးက အေးအေးချမ်းချမ်းရှိပြီး မိသားစုဝင်အကုန်လုံးက နူးညံ့သိမ်မွေ့ကြလို့ အရမ်းအားကျဖို့ကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်နော်။ဟိန်းဝေယံက အခုချိန်ထိလည်း ခန့်ညားချောမောနေဆဲဖြစ်ပြီး အသားအရေလေးကအစ ဖြူဖွေးကြည်လင်လို့ မိန်းကလေးတွေအရှုံးပေးရလောက်အောင် နုဖတ်နေတာဖြစ်ပါတယ်။


ဟိန်းဝေယံက သားအကြီးဆုံးဖြစ်လို့ မိဘစကားကိုမြေဝယ်မကျနားထောင်ပြီး စိတ်ချမ်းသာအောင်ထားပေးတဲ့သားလိမ္မာလေးဖြစ်ပါတယ်။အခုဆိုရင်လည်း အမေများနေ့မှာ မိခင်ရဲ့မေတ္တာကိုသိနားလည်ပြီး"Happy Mother’s Day မေမေအခုထက်ပိုပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေ.. ကောင်းကျိုးလိုရာဆန္ဒများလည်းပြည့်စုံပါစေ.."ဆိုပြီး အမှတ်တရအနေနဲ့ ရေးသားထားတာဖြစ်ပါတယ်။ဟိန်းဝေယံရဲ့မိဘနှစ်ပါးကလည်း သားလိမ္မာလေးကိုပိုင်ဆိုင်ထားလို့ စိတ်ပျိုကိုယ်နုပြီး အမြဲစိတ်ချမ်းသာနေရတာဖြစ်ပါတယ်နော်။



Source&Photo Credit:Heinn Wai Yan's Facebook Account