သွားလေးတွေပေါက်နေပြီဖြစ်လို့ မုန့်တွေကို ကိုယ်တိုင်အားရပါးရကိုက်စားပြီး ချစ်စရာအမူအရာလေးတွေလုပ်ကာ အရမ်းပျော်နေတဲ့ သဲကိုးလေးရဲ့ဗီဒီယို

//s9.kh1.co/4e/4ed3ef195b76150cf58d85e4daddae1be8dbcb7b.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၄ နှစ် က

သွားလေးတွေပေါက်နေပြီဖြစ်လို့ မုန့်တွေကို ကိုယ်တိုင်အားရပါးရကိုက်စားပြီး ချစ်စရာအမူအရာလေးတွေလုပ်ကာ အရမ်းပျော်နေတဲ့ သဲကိုးလေးရဲ့ဗီဒီယို

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပိုးအိအိခန့်ကတော့ ဘောလုံးအားကစားသမားအောင်သူနဲ့ လက်ထပ်သွားပြီး သာယာလှပတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်နော်။ပိုးအိအိခန့်နဲ့အောင်သူတို့မှာ ချစ်စရာသားလေးတစ်ယောက်လည်းထွန်းကားထားတာကြောင့် အေးချမ်းတဲ့ဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ပိုးအိအိခန့်က သားလေးရဲ့‌ ဘေးနားမှာအချိန်ပြည့်နေပြီး ဂရုစိုက်ပေးတာကြောင့် အနုပညာအလုပ်တွေကိုတော့ ခဏရပ်နားထားတာဖြစ်ပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account

ပိုးအိအိခန့်က သားလေးရဲ့နာမည်ကို "သွင်ဦးဟန်"လို့ပေးထားပြီး ချစ်စနိုးနဲ့ သဲကိုးလေးလို့ခေါ်ဝေါ်နေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း သဲကိုးလေးကို အရမ်းချစ်ကြလို့ အမြဲစောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်နော်။သဲကိုးလေးကတော့ ဖေဖေအောင်သူနဲ့ချွတ်စွပ်တူပြီး (၁)နှစ်ကျော်အရွယ်လေးနဲ့တင် လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။အောင်သူနဲ့ပိုးအိအိခန့်တို့ဇနီးမောင်နှံကလည်း သားလေးကိုအရမ်းချစ်လွန်းလို့ အစစအရာရာဂရုစိုက်နေတာပဲဖြစ်ပါတယ်နော်။

Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account

သဲကိုးလေးကတော့ ဖေဖေနဲ့မေမေတို့ရဲ့ပြုစုစောင့်ရှောက်မှုတွေကြောင့် တစ်နေ့တခြား ပိုပိုချစ်စရာကောင်းအောင်ကြီးပြင်းလာတာဖြစ်ပါတယ်။မေမေပိုးအိအိခန့်ကလည်း သားလေးကျန်းမာဖွံ့ဖြိုးအောင်လို့ အစားအသောက်တွေကို သေချာဂရုတစိုက်ကျွေးမွေးတာဖြစ်ပါတယ်။အခုဆိုရင်တော့ သဲကိုးလေးက မုန့်တွေကို ကိုယ်တိုင်အားရပါးရကိုက်စားနေတဲ့အပြင် ချစ်စရာအမူအရာလေးတွေလည်းမျိုးစုံလုပ်ပြနေလို့ သဲကိုးလေးရဲ့အသည်းယားစရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account

Photo Credit:Poe Ei Ei Khant's Facebook Account
Source&Video Credit:Thwin Oo Han's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T