ပရိသတ်ကြီးရေ......သရုပ်ဆောင်ကောင်းမွန်တဲ့အပြင် ကလေးတစ်ယောက်လိုချစ်စဖွယ်မျက်နှာလေးနဲ့ပရိသတ်အားပေးမှုအပြည့်အ၀ရရှိထားတဲ့ မင်းသမီးချောလေး၀တ်မှုန်ရွှေရည်ကိုသိကြမယ်ထင်ပါတယ်။သူမဟာ ကြော်ငြာများ ဗီဒီရိုဇာတ်ကားများဖြင့်အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ယခုဆိုရင်နိုင်ငံကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လို့နေပြီလည်းဖြစ်ပါတယ်နော်။ကစ်ဟာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီဆုများစွာကိုလည်းသိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။


ရွှေကစ်ဟာ ဖြူဖွေး၀င်းဥနေတဲ့အသားအရည်လေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး ကလေးလေးတစ်ယောက်လိုနုပျိုလှပနေတာဖြစ်တဲ့အပြင် အလုပ်လုပ်တဲ့နေရာမှာလည်း professionalကျကျလုပ်တတ်တာကြောင့် အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်အောင်မြင်နေတာဖြစ်ပါတယ်။ ကစ်ဟာသူမရဲ့ အမိုက်စားphoto shootingကပုံလေးတွေနဲ့ ရှုတင်ကဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိတဲ့အပြင် Tik Tokဗီဒီယိုလေးတွေကိုလည်း မကြာခဏရိုက်ပြီးတင်ပေးတတ်ပါတယ်နော်။


အခုဆိုရင်လည်း ရွှေကစ်ဟာ ဒဏ္ဍာရီထဲကမင်းသမီးလေးလို ဂါ၀န်လေး၀တ်ဆင်ကာ နှင်းဆီပန်းပွင့်လေးတွေနဲ့အတူ ထိရက်စရာမရှိအောင်ကိုလှပချောမောနေတဲ့ ဗီဒီယိုလေးကိုသူမရဲ့ Tik Tok accလေးမှာတင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ရွှေကစ်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်း အရင်းအမြစ်៖ Wutt Hmone Shwe Yi's Tik tok acc





