ဒီတစ်ခေါက်မှာတော့ စွဲဆောင်မှုရှိတဲ့ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ပရိသတ် အချစ်တော် မော်ဒယ်လ် သရုပ်ဆောင် အောင်လေး ပဲဖြစ်ပါတယ်။ မော်ဒယ်လ်လောက ကနေ သရုပ်ဆောင် လောကထဲကို ခြေစုံ ပစ် ဝင်ရောက်လာတဲ့ အောင်လေး ဟာ Music ဗီဒီယိုလေးတွေကို လက်ခံရိုက်ကူး ရာကနေ ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေကို လက်ခံ ရိုက်ကူးနေပြီး အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ဆောင် နေတာ ပဲဖြစ်ပါတယ်။


ခန္ဓာကိုယ်ကလည်း ကျစ်လစ် တောင့်တင်းနေပြီး စွဲဆောင်မှု အပြည့် ရှိနေတာ ကြောင့် မိန်းမပျိုလေးတွေ သည်းသည်း လှုပ်ဝန်းရံတာကို ခံနေရတာ ပဲဖြစ်ပါတယ်။ ဇာတ်ရုပ်တိုင်းလိုလို ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိခဲ့တာ ဆိုရင်လည်း မမှားပါဘူး။ လတ်တလောမှာလည်း ကြော်ငြာတွေ ကို လက်ခံ ရိုက်ကူးနေကာ အနုပညာ အလုပ်တွေ နဲ့ အဆက်အသွယ် မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။ ယခုအခါမှာတော့ အမေများ နေ့မှန်း မသိကြောင်း နဲ့ မွေးနေ့ မှာ ငွေကျပ်နှစ်သိန်းလှူဖြစ်တာ နဲ့ ပတ်သတ်ပြီး ပြောပြလာတာ ပဲဖြစ်ပါတယ်။


ဒီတစ်ခါမှာတော့ မနေ့က ကျရောက်တဲ့ မွေးနေ့မှာ မိဘမဲ့ ကျောင်းသွားပြီး ငွေကျပ်နှစ်သိန်း အလှူပြုခဲ့တာကို ချပြလာတာ ပဲဖြစ်ပါတယ်။ ဆက်လက်ပြီး အမေနဲ့ အတူ ရိုက်ထားတဲ့ ပုံဟောင်းလေးကို “ဒီနေ့ အမေများနေ့မှန်းတောင်တကယ်မသိပါဘူး ပုံဟောင်းတွေ ရှာရင်းနဲ့ထွက်လာမှ Myday တင်ဦးမယ်ဆိုပြီး တင်လိုက်တာ တိုက်ဆိုင်တာများသူများက အမေများနေ့တွက်တင်တာလားဆိုပြီး မေးတော့မှ ဒီနေ့မှန်းသိတယ် ပုံဟောင်းလေးပါပဲ အမှတ်တရတင်လိုက်ပါတယ်……” ဆိုတဲ့ ခေါင်းစဉ်လေး တပ်ပြီး ဖော်ပြလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်နော်……။



သတင်း အရင်းအမြစ်៖ Aung Lay Facebook account





