ထွန်းကိုကိုကတော့ ပရိသတ်တွေသိရှိပြီးသားအတိုင်းအောင်မြင်တဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။အမြဲလိုလို စမတ်ကျနေတတ်တဲ့ ထွန်းကိုကိုရဲ့ ဖက်ရှင်ပုံရိပ်လေးတွေကလည်း ကောင်မလေးတွေကြွေခဲ့ရတာပါနော် ။အနုပညာအလုပ်တွေကိုလုပ်ကိုင်းရင်း လူမှုအကျိုးပြုလုပ်ငန်းတွေမှာလည်း ကိုယ်တိုင်ပါဝင် လုပ်ကိုင်ပေးနေတာဖြစ်ပြီး ပြည်သူချစ်တဲ့ လေးစားစရာ အနုပညာရှင်လေးတစ်ယောက်ပါ ။


ပရဟိတအလုပ်တွေကို အားတက်တရောလုပ်ဆောင်နေတဲ့ ထွန်းကိုကိုဟာ ပြည်သူပရိသတ်တွေအတွက် လိုအပ်တဲ့နေရာလေးတွေကနေ အမြဲရှေ့ထွက် ကူညီတတ်သူလည်းဖြစ်ပါတယ်။ဒါ့အပြင် မာန်မာနကင်းစင်ကာ စိတ်ထားပြည့်ဝပြီး ရိုးရိုးရှင်းရှင်း နေထိုင်တတ်လို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။


သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် အမြဲဖော်ပြလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာတော့ သန့်ပြန့်ပြီး အထာကျကျလေးမိုက်နေတဲ့ ဖက်ရှင်လေးကို ဝတ်ဆင်ကာ ပို့စ်လေးတွမျိုးစုံပေးရင်း မိန်းမလှလေးတွေရဲ့ အသည်းကိုခြွေလိုက်ပြန်ပါတယ်။ ပုံတိုင်းက နိုင်ငံခြားမင်းသားတစ်ယောက်လို မိမိုက်နေတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။


Source & Photo Credit : Yanpaing TunKo Facebook Account





