သူမကိုမွေးဖွား‌ထားပေမယ့်လည်း မှုံနေအောင်ချောတဲ့မေမေ့ရဲ့ငယ်ဘဝပုံရိပ်လေးတွေကို အမေများနေ့မှာ ထုတ်ပြလိုက်တဲ့ နေခြည်ဦး

//s9.kh1.co/c4/c48e4e7e3b118376d6a7ab3249b0cd95c13ec637.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၅ နှစ် က

သူမကိုမွေးဖွား‌ထားပေမယ့်လည်း မှုံနေအောင်ချောတဲ့မေမေ့ရဲ့ငယ်ဘဝပုံရိပ်လေးတွေကို အမေများနေ့မှာ ထုတ်ပြလိုက်တဲ့ နေခြည်ဦး

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့ နေခြည်ဦးကတော့ ဇာတ်ကားတွေအများအပြားမှာပါဝင်သရုပ်ဆောင်ရင်း မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီနော်။နေခြည်ဦးက အလုပ်ကိုအရမ်းကြိုးစားတာကြောင့် နှစ်အနည်းငယ်အတွင်းမှာ နာမည်ကြီးလာပြီး အနုပညာလောကမှာ ခိုင်ခိုင်မာမာနဲ့ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။နေခြည်ဦးကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကလည်း တစ်စထက်တစ်စပိုပိုများပြားလာပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကို ဝန်းရံနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Nay Chi Oo's Facebook Account

နေခြည်ဦးက မိသားစုထဲမှာသမီးအကြီးဆုံးဖြစ်ပေမယ့် ဖေဖေ့ရဲ့အချစ်ဆုံးသမီးလေးပဲဖြစ်ပါတယ်နော်။နေခြည်ဦးရဲ့ဖေဖေကလည်း သမီးကြီးရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ပြီး အနောက်ကနေပံ့ပိုးကူညီပေးတာဖြစ်ပါတယ်။နေခြည်ဦးရဲ့မိသားစုလေးက ပျော်ပျော်နေတတ်ကြပြီး အပြန်အလှန်နားလည်မှုရှိလို့ အေးချမ်းတဲ့မိသားစုလေးဖြစ်ပါတယ်။နေခြည်ဦးကတော့ သမီးကြီးပီပီ သူမရှာဖွေလို့ရတဲ့ပိုက်ဆံတွေနဲ့ ဖေဖေနဲ့မေမေကို ကန်တော့တတ်ပါသေးတယ်နော်။ 

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

နေခြည်ဦးရဲ့မေမေအန်တီဆွေကလည်း အရမ်းသဘောကောင်းပြီး စိတ်ထားဖြူစင်လို့ ပရိသတ်တွေကအရမ်းချစ်နေရတာဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင် အမေများနေ့လေးဖြစ်လို့ နေခြည်ဦးကတော့"အမေများနေ့မှာ အန်တီဆွေနဲ့အတူ မေမေများအားလုံး ကျန်းမာချမ်းသာပါစေ၊အဆင်ပြေပါစေ အေးချမ်းပါစေ၊Today is a special day Happy Mother’s Day"ဆိုပြီး ငယ်ငယ်တုန်းကပုံလေးနဲ့အတူ ရေးသားထားတာဖြစ်ပါတယ်။နေခြည်ဦးတို့သားအမိနှစ်ယောက်ရဲ့ငယ်ဘဝပုံရိပ်လေးက အရမ်းချစ်ဖို့ကောင်းလို့ ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

Source&Photo Credit:Nay Chi Oo's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T