ဝါရင့်မင်းသားကြီး နေမျိုးအောင် ကတော့ အနုပညာလောကမှာ နေရာတစ်နေရာကို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေနဲ့အတူ ရပ်တည်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နေမျိုးအောင်က ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျပီပြင်အောင် အကောင်းဆုံး ကြိုးစားမှုတွေကြောင့်ပဲ ပရိသတ်တွေက သဘာဝမင်းသားကြီးလို့တောင် ခေါ်ကြတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်ကိုင်နေတာတွေ့ရပါတယ်။
နေမျိုးအောင်ဟာ အသက်အရွယ်ရလာပေမဲ့လည်း ယနေ့အချိန်ထိ ငယ်ရွယ်နုပျိုနေပြီး တည်ကြည်ခန့်ညားကာ ချောမောနေတုန်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်စားဆင်ယဥ်မှုမှာလည်း ခေတ်နဲ့အညီ လူငယ်တွေနဲ့အပြိုင် ဝတ်ဆင်တတ်တာ တွေ့ရပါတယ်။ ယခုမှာတော့ နေမျိုးအောင် က ပရိသတ်တွေ အားကျချစ်ခင်လောက်မယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေကတော့ သူ့ရဲ့ ဇနီးချောလေးနဲ့ အတူ တူညီဖက်ရှင်ဝတ်စုံလေးတွေ ဝတ်ဆင်ပြီး လူငယ်တွေလို လွတ်လပ်ပေါ့ပါးပြီး ရိုဆန်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း " အေးချမ်းတဲ့ အညာအိုအေစစ်မှာ အေးမြတဲ့ချစ်ခြင်းများနဲ့ မင်းနဲ့ငါ" ဆိုပြီး စကားလုံးလှလှလေးတွေနဲ့ ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း နေမျိုးအောင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ချစ်စရာပုံလေးတွေကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။
သတင်း အရင်းအမြစ်៖ Source - အာဗြဲစိန် fb page