သရုပ်ဆောင် မင်းသမီးချောခင်ဇာခြည်ကျော်ရဲ့အကြီးဆုံးသားဖြစ်တဲ့ ဘုန်းမင်းနေလကတော့ မိခင်ဖြစ်သူဆီကနေ အနုပညာအမွေတွေကို ဆက်ခံခဲ့တာ ဖြစ်ပါတယ် ။ ဘုန်းမင်းနေလက အကယ်ဒမီရွှေကြိုအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို တစ်စတစ်စ လုပ်ကိုင်လာခဲ့ရတာ ဖြစ်ပါတယ် ။ အခုဆိုရင် ဘုန်းမင်းနေလက တဖြည်းဖြည်းနဲ့နာမည်ရလာတာကြောင့် အလုပ်တွေကို အရင်ကထက်တောင် ပိုပြီးလက်ခံလာရတာ ဖြစ်ပါတယ် ။
ဘုန်းမင်းနေလက သီချင်းဗီဒီယိုလေးတွေမှာ ပါဝင်သရုပ်ဆောင်နေရသလို ကြော်ငြာတွေလည်း မနားတမ်း ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ဘုန်းမင်းနေလက သူကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ မေမေခင်ဇာခြည်ကျော်ကို တစ်ဖက်တစ်လမ်းကနေ ကျေးဇူးဆပ်နိုင်ပြီလည်း ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း ဘုန်းမင်းနေလက မင်းသမီးချောလေး ယွန်းယွန်းနဲ့အတူ ကြော်ငြာလေးတစ်ခု ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။
ဘုန်းမင်းနေလနဲ့ ယွန်းယွန်းတို့အနုပညာမောင်နှမကတော့ အလှကုန်ကြော်ငြာလေးမှာ အတွဲညီညီလေး သရုပ်ဆောင်ပြခဲ့ကြတာ ဖြစ်ပါတယ် ။ ဘုန်းမင်းက ယောက်ျားပီသပြီး ချောမောခန့်ညားနေသလို ယွန်းယွန်းကလည်း ဖြူဖွေးနုဖတ်တဲ့အသားအရေနဲ့ အရုပ်မလေးလို ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ မမယွန်းယွန်းရဲ့ခါးသေးသေးလေးကိုဖက်ရင်း လိုက်ဖက်ညီစွာပို့စ်ပေးနေတဲ့ ဘုန်းမင်းနေလရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Phone Min Nay La's FB Story