မင်းသမီးချောမေကဗျာကတော့ ချစ်စရာကောင်းတဲ့အပြုံးချိုချိုလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ သူမကတော့ ကြွေလောက်စရာကောင်းလွန်းတဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိနေတာပဲဖြစ်ပါတယ်။


ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့် ယနေ့အချိန်ထိပရိသတ်တွေအချစ်ပိုရတဲ့ သူမကတော့ ယခုမှာ Liveလွှင့်ပြီးစျေးရောင်းလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ နေမျိုးအောင်နဲ့ ဇာတ်ကားတွေများစွာမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ပြီး ခင်မင်ရင်နှီးကြတဲ့အနုပညာရှင်ညီအကိုမောင်နှမတွေပဲဖြစ်ပါတယ်။ သူမကတော့ နေမျိုးအောင်ရဲ့ ဇနီးသည်နဲ့လည်း ခင်မင်ရင်းနှီးပြီး တစ်ယောက်ကိုတစ်ယောက်အလည်သွားရောက်လေ့ရှိကာ ခရီးတွေကိုလည်းအတူထွက်လေ့ရှိနေတာပဲဖြစ်ပါတယ်။


သူမကတော့ ယခုမှာ နေမျိုးအောင်ရဲ့ဇနီးသည်အပင်ပန်းခံပြီးချက်ကျွေးတဲ့ထမင်း၊ဟင်းတွေက စားကောင်းလွန်းလို့ လက်နဲ့နယ်ပြီးအားရပါးရစားနေခဲ့ပါတယ်။ စားချင်စရာကောင်းတဲ့ ထမင်းနဲ့ဟင်းတွေကိုစားပြနေတဲ့သူမရဲ့ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးမေကဗျာရဲ့ Liveလွှင့်ရင်း နေမျိုးအောင်ရဲ့ဇနီးသည်ချက်ကျွေးတာလေးကို စားပြနေတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။
Source: May Kabyar ' s Facebook Page







