မင်းသမီးချောလေး နေခြည်ဦးရဲ့ချစ်ညီမလေး စိမ်းလဲ့ရတနာကတော့ အစ်မဖြစ်သူရဲ့ကူညီပံ့ပိုးမှုနဲ့အတူ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်လာပြီ ဖြစ်ပါတယ် ။ နေခြည်ဦးက ညီမလေးစိမ်းလဲ့ရတနာကို သူမလိုပဲ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက်ဖြစ်လာဖို့အတွက် မြေတောင်မြှောက်ပေးနေတာလည်း ဖြစ်ပါတယ် ။ မောင်နှမသုံးယောက်ရှိတဲ့ နေခြည်ဦးက အငယ်လေးတွေအပေါ်မှာ အစ်မကြီးအမိရာပီပီ တာဝန်တွေကျေပွန်နေတာ ဖြစ်ပါတယ် ။


စိမ်းလဲ့ရတနာက မမနေခြည်ဦးနဲ့အတူတွဲပြီး ကြော်ငြာလေးတွေရိုက်ခဲ့ရသလို အခြား Photo Shooting တွေလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ နေခြည်ဦးကိုရော ညီမလေးစိမ်းလဲ့ရတနာကိုပါ အမြဲတမ်း ချစ်ခင်အားပေးပြီး ဝန်းရံနေကြတာ ဖြစ်ပါတယ် ။ ဒီနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့က နေခြည်ဦးရဲ့အသက် (၂၉) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးဖြစ်တာကြောင့် ညီမလေးစိမ်းလဲ့က မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။


စိမ်းလဲ့ရတနာက "Happy Birthday, Nay Chi Oo You’re the sister everyone wishes for. အရမ်းချစ်တယ်နော် အမြဲပျော်ရွှင်ပါစေ" ဆိုပြီး ပုံလေးတွေကိုပါ တင်ထားတာ ဖြစ်ပါတယ် ။ စိမ်းလဲ့ကတော့ ပရိသတ်တွေတစ်ခါမှ မမြင်ဖူးသေးတဲ့ သူမတို့ညီအစ်မနှစ်ယောက်ရဲ့ငယ်ဘဝတုန်းက အမှတ်တရပုံလေးတွေကို ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးနဲ့ ညီမလေးစိမ်းလဲ့ရတနာတို့ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Sane Let's FB Acc


