ပရိသတ်ကြီးရေ…… ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည် ကတော့ အနုပညာ လှုပ်ရှားမှုတွေကို Covid ကြောင့် ခဏရပ်ဆိုင်း ထားပေမယ့်လည်း ယခုအချိန်ထိ ဝါရင့်ဇာတ်ပို့ တစ်ယောက် အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို ရရှိတုန်းပဲ ဖြစ်ပါတယ်။သူမကတော့ အနုပညာနယ်ပယ်မှာ အချိန် အတော်ကြာအောင် ရပ်တည် အောင်မြင်နေတာ ဖြစ်ပြီး သူမရဲ့ သရုပ်ဆောင် ကျွမ်းကျင်မှုတွေ ကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။


ယွန်းရွှေရည်ဟာ ဗီဒီယိုဇာတ်ကားတွေ ခေတ်တည်းက ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးထားသူ ဖြစ်ပြီး ရုပ်ရှင် ဇာတ်ကားကြီး တွေမှာပါ ပါဝင်သရုပ်ဆောင်နိုင်တဲ့ ဝါရင့် သရုပ်ဆောင် တစ်ယောက် ဆိုလည်း မမှားပါဘူးနော်…….။လတ်တလောမှာတော့ သူမဟာ ကြော်ငြာတွေကို ပြန်လည် လက်ခံရိုက်ကူးနေတာ ဖြစ်တဲ့ အပြင် ပရိသတ် တွေနဲ့လည်း Live လွှင့်ကာ စကားမကြာခဏ ပြောတာလည်း တွေ့ရပါတယ်။ အားလပ်ချိန်လေးတွေ မှာတော့ Tik Tok လေးတွေကို ရိုက်ကူး ဆော့ကစား တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရသူလေး ဖြစ်ပါတယ်။


မကြာသေးခင် အချိန်တုန်းကတော့ သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် မနက်ပိုင်းတွင် လေ့ကျင့်ခန်းလေးတွေ ပြန်လုပ်နေတာလေးကို တင်ပေးလာတာ ဖြစ်ပါတယ်။ကျန်းမာရေး အတွက် အားကစားလေးတွေ လုပ်တာကြောင့် ခန္ဓာကိုယ် ကလည်း ကျစ်ကျစ် လျစ်လျစ်လေး ဖြစ်နေတာကိုလည်း တွေ့ရပါတယ်နော်…….။ ကဲ….ချစ်ပရိသတ်တွေ အတွက် ယွန်းရွှေရည်ရဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုလေးကို ပြန်လည် မျှဝေပေးတာမို့ ကြည့်ရှုအားပေးကြပါဦးနော်……..။

သတင်း အရင်းအမြစ်៖ Yoon Shwe Yi FB Account