ပရိသတ်ကြီးရေ မင်းသမီးချောချမ်းမီမီကိုကတော့ အနုပညာလောကထဲကနေ အချိန်အတော်ကြာပျောက်ကွယ်သွားခဲ့ပြီး တရားဘာဝနာတွေကိုသာ ပွားများနေတာဖြစ်ပါတယ်။ချမ်းမီမီကိုက အနုပညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ဆောင်နေပြီး စိတ်အေးအေးချမ်းချမ်းနဲ့ အလုပ်တွေကြိုးစားနေတာပဲဖြစ်ပါတယ်။ချမ်းမီမီကိုက လက်ရှိမှာဆိုရင် သူမတရားစခန်းတွေဝင်ခဲ့တုန်းက အတွေ့အကြုံကို ပရိသတ်တွေအတွက် မျှဝေပေးနေကြဖြစ်လို့ အခုဆိုရင်လည်း အောက်ပါအတိုင်းရေးသားထားတာဖြစ်ပါတယ်နော်။


ချမ်းမီမီကိုက"စည်းစိမ်ဥစ္စာကြွယ်ဝခြင်း ပညာရှိခြင်းပြည့်စုံတဲ့ ပြောစရာမလိုအောင် ပြီးပြည့်စုံတဲ့ သူငယ်ချင်းတစ်ယောက် အကြောင်းလေးပါ။သူရောဂါဖြင့် ဆုံးပါးသွားခဲ့ပါပြီ ။အသက်ရှင်တုန်းကတော့ အားလုံးဟာပျော်ပျော်ပါးပါး ဆုံဖြစ်ခဲ့ကြပါသေးတယ်။သိပ်ခင်မင်ရင်းနှီးရတဲ့ အချစ်ဆုံး သူငယ်ချင်းကြီးပေါ့ တစ်နေ့ မိမိကို အိမ်မက်လာပေးတယ် ချမ်းမီရေ ငါ ပစ္စည်းတွေသယ်သွားတာ ငါဒီအတိုင်းကြည့်နေရတယ်တဲ့ ကျွန်မကိုအိမ်မက်ထဲလာပြောပြတယ် သူဘယ်မှာနေတာပါပြောသွားတယ် ကျွန်မလည်း ယုံတမ်းပုံပြင်လိုပဲ သဘောထားပြီး ဖုန်းဆက်မေးဖြစ်ခဲ့တယ်ရှင် သူတကယ်သေသွားတာပါတဲ့ သူရဲ့လူယုံတစ်ဦးက ကျွန်မအား ဝမ်းနည်းစွာပြောပါတယ် အစ်မရယ် ပစ္စည်းတွေကတော့ လုကြတာ သူ့အမျိုးတွေ မပြောချင်ပါဘူးတဲ့ ဪ အချစ်ဆုံးသူငယ်ချင်းက ပြောပြသွားတဲ့ တရားလေး ငါဘာမှမယူသွားနိုင်ခဲ့ဘူးတဲ့ ကျွန်မလည်းဘယ်လိုကယ်ရမှန်းမသိ အသက်ရှင်တုန်းက ကိုယ်ယောက်ျားကို အားဆေးဆို သူလည်းအားဆေး နေကောင်းအောင်အားရှိအောင်ဂရုစိုက်ပေးခဲ့တယ် ကျွန်မ သူကို တရားထိုင်နော်ပြောတော့ လုပ်ပါတယ်တဲ့ မယုံသလိုလို စိတ်မှာပဲ ပြင်ဆင်နေသလို ပေါ့ပေါ့လေးပဲ"



"ကိုယ်တောင်ပြန်ဆုံးမသေး နောက်ဆုံးဘဝအဆုံးသတ်လှအောင်သူဘယ်လို လုပ်မယ် စီးပွားရေးမှာဘယ်လိုလုပ်နော်နဲ့ စိတ်မကောင်းဖြစ်ရတယ် ကဲနောက်ထပ်သူငယ်ချင်းတစ်ယောက် လည်းရုတ်တရက် ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးပြန်ပါတယ် သူ့အမျိုးသမီး ကလေးတွေကျန်ခဲ့ပါတယ် မကျွတ်တာနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာပင့် သူငယ်ချင်းက အကူအညီတောင်းပါတယ် ကိုယ်လည်း ဝိုင်းကူလုပ်ပေးရင်း သူငယ်ချင်းဝိညာဉ် ရုတ်တရက် ကိုယ်ရှေ့မှာပဲ အမျိုးသမီးတစ်ဦးဝင်စီးရင်း ရေလေးတိုက်ပါဆိုပြီး တော်တော် သောက်သွားတယ် ပြီးတော့ ရုပ်နာမ်တရားလေး နာပါရစေတဲ့ သားသမီးစွဲမိလို့ပါတဲ့ အသက်ရှင်တုန်းအချိန်လေးမှာ စီးပွားရေး စီးပွားရေး ကြီးပွားရေး ကြီးပွားရေးနဲ့ ခုတော့ တရားနာချင်တယ် ဘယ်လိုဉာဏ်နဲ့နာနေလဲ ကိုယ်လည်းအကဲခတ်နေမိတယ်ရှင့် ကျွန်မတို့ လူ့ခန္ဓာ လူ့ ဉာဏ်တောင် ခပ်တုန်းတုန်းရယ် သိတယ်ဟုတ် ဟောကြားတဲ့ဘဘ က ဝိပဿနာ တရားပြဆရာကြီး သေချာဟောပြပေးတယ် သူနာကြားနေပေမယ့် သမ်းဝေနေတယ် ကျွန်မဆက်ကြည့်နေလိုက်တယ် ဪ မကျွတ်တဲ့သူတို့ တိရိစ္ဆာန်တို့ဆိုတာ မောဟတော်တော်များပါလား သုံးသပ်မိခဲ့တယ် ဘဝဆိုတဲ့အချိန်တိုတိုလေး ခရီးတိုလေးမှာ အကျိုးရှိစွာ ယူသွားနိုင်ပါစေ ရည်ရွယ်လျှက်"ဆိုပြီး မျှဝေလာတာဖြစ်ပါတယ်။


Source&Photo Credit:Chan Mi Mi Ko's Facebook Account





