လေးစားအားကျ အတုယူရတဲ့ မြန်မာ့ မိခင်ကြီး အမေ ဒေါ်အောင်ဆန်းစုကြည် အတွက် လက်ဆောင် ပေးခွင့်ရလို့ ဝမ်းသာ ပီတိ စကားဆိုလာတဲ့ မေဦး

//s9.kh1.co/88/8865caa9210887d02a9a7f3fe4f559ec4c6446b5.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

.

နိုင်ငံကျော် မိတ်ကပ် ဖန်တီးရှင်တစ်ဦး ဖြစ်တဲ့ မေဦး ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ မေဦး ဟာ ဆန်းသစ်လှတဲ့ မိတ်ကပ်တွေကိုပြုပြင်နေပြီး ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ သူတစ်ဦး ပဲဖြစ်ပါတယ်။ သူကတော့ LGBT တစ်ယောက်ဖြစ်တဲ့ အတွက်ပတ်ဝန်းကျင်ရဲ့ အပစ်တင် ရှုံ့ချခြင်းကို ခံခဲ့ ရသော်လည်း ဇွဲမလျော့ပဲ ကြိုးစားမှုတွေကြောင့် ယခုအချိန်မှာ နေရာ တစ်ခုထိ ရောက်ရှိ အောင်မြင်နေပြီ ပဲဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ လည်း လိင်တူချစ်သူနဲ့ အတူနေထိုင်ကာ သာယာပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ဖြတ်သန်းနေတာ ပဲဖြစ်ပါတယ်။ 

Photo Crd - May Oo Facebook Page
Photo Crd - May Oo Facebook Page
Photo Crd - May Oo Facebook Page
Photo Crd - May Oo Facebook Page

မေဦးဟာ ဘာသာ တရား အလွန်ကိုင်းရှိုင်းပြီး လူတိုင်းအပေါ် စေတနာ မေတ္တာတွေထားတာ ကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှု ကို ရရှိထားတာ ဆိုရင်လည်း မမှား ပါဘူး။ သူရဲ့ လိင်တူ ချစ်သူရဲ့ ကြင်နာ ဂရုဆိုက်မှုတွေကြောင့်လည်း သူတို့ရဲ့ အတွဲလေးဟာ ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ ပြည်တွင်း က လိင်တူ အိမ်ထောင်ပြု ထားတဲ့ အတွဲ တစ်တွဲ လည်း ဖြစ်ပါတယ်။ မကြာခနဆိုလည်း ဘုရားဆွမ်းကပ်နည်းတွေ တင်ပေးကာ ပရိသတ်တွေကို ကုသိုလ်ပြုစေတာ ပဲဖြစ်ပါတယ်။ ယခုအခါမှာတော့ အမေစု အတွက် လက်ဆောင်ပေးခွင့်ရတာ နဲ့ ပတ်သတ်ပြီး ကျေးဇူးတင်စကားပြောပြလာတာ ပဲဖြစ်ပါတယ်။

Photo Crd - May Oo Facebook Page
Photo Crd - May Oo Facebook Page
Photo Crd - May Oo Facebook Page
Photo Crd - May Oo Facebook Page

လေးစားအားကျ အတုယူရတဲ့ မြန်မာ့ မိခင်ကြီး အမေ ဒေါ်အောင်ဆန်းစုကြည် အတွက် လက်ဆောင် ပေးခွင့်ရလို့ ဝမ်းသာ ပီတိ စကားဆိုလာပဲဖြစ်ပါတယ်။ သဇင်ပန်းတွေကို အမေ့ဆီရောက်အောင် ပို့ပေးတဲ့ သူကို လည်း ကျေးဇူးတင်ထားပြီး “များစွာပြည်သူတွေကအားကိုးကြပြီး မြန်မာ့မိခင်ကြီးလို့သတ်မှတ်ကာအားလုံးချစ်ကြတဲ့မေဦးလည်း အရမ်းချစ်ပြီး လေးစားအားကျအတုယူရတဲ့ အမေစုအတွက်ဘုရားပန်းလေးကပ်လှူဖို့ပို့ပေးဖြစ်ခဲ့တယ်….” ဆိုကာ များစွာသော ပြည်သူတွေ အားကိုးရတဲ့ အမေ့ အတွက် သဇင်ပန်းတွေ ဘုရားကပ်လှူဖို့ပို့ ပေးဖြစ်တာ နဲ့ ပတ်သတ်ပြီး ပြောပြလာကို ပရိသတ်ကြီး တို့အတွက်ပြန်လည် မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်နော်….။

Photo Crd - May Oo Facebook Page
Photo Crd - May Oo Facebook Page
Photo Crd - May Oo Facebook Page
Photo Crd - May Oo Facebook Page
Photo Crd - May Oo Facebook Page
Photo Crd - May Oo Facebook Page

သတင်း အရင်းအမြစ် May Oo Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T