ပရိသတ်ကြီးရေ ဒီနေ့ကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးရဲ့ အသက် (၂၉) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ချီချီဟာ သူမရဲ့မွေးနေ့မှာ ရန်ကုန်တွင် ရှိမနေဘဲ ပြင်ဦးလွင်တွင် ဇာတ်ကားရိုက်ရန် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ အချစ်ဆုံး သူငယ်ချင်းတွေကတော့ ပြင်ဦးလွင်မသွားခင်ညလေးမှာ မွေးနေ့ပွဲလေး ကျင်းပပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချီချီရဲ့မွေးနေ့ရက်မြတ်လေးကိုဆုမွန်ကောင်းတွေ တောင်းပေးနေကြတာလည်း ဖြစ်ပါတယ်။



ဒါ့အပြင် အနုပညာအသိုင်းအဝိုင်းက ချစ်ရတဲ့ ညီအစ်ကိုမောင်နှမတွေဟာလည်း ချီချီရဲ့မွေးနေ့အတွက် အမှတ်တရပုံလေးတွေနဲ့ သူမရဲ့ လူမှုကွန်ယက်များတွင် ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်။ မွေးနေ့မတိုင်ခင်မှာလည်း အလှူအတန်းတွေများစွာ ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့က ဗောဓိကိုးထောင်ဆရာတော်ကြီးရဲ့ ကျောင်းတိုက်အတွင်းတွင် နဂါးရုံဘုရားကြီးကို သူမရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ တည်ထားကိုးကွယ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း နေခြည်ဦးရဲ့ Instagram Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။



ဒါကတော့ ပြင်ဦးလွင်ထိလိုက်လာပြီး ပါးနုနုလေးကိုအားရပါးရလာနမ်းသွားတဲ့သူမရဲ့မန်နေဂျာကြောင့် ကြည်နူးပျော်ရွှင်မဆုံးဖြစ်နေတဲ့ နေခြည်ဦးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ရတဲ့သူတွေကလည်း ပြင်ဦးလွင်တွင် ချီချီရဲ့မွေးနေ့လေးကို ကိတ်လှလှလေးတွေနဲ့ ကျင်းပပေးခဲ့သေးတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ရပြီး နေခြည်ဦးကို မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးသွားခဲ့ကြပါဦးနော်။
Source and Photo Crd- Nay Chi Oo’s IG Account