ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင်အကယ်ဒမီမင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိထားသလို ချစ်စရာကောင်းတဲ့ သူမရဲ့ဟန်ပန်တွေကြောင့် အနုပညာလောကထဲစတင်ဝင်ရောက်ချိန်ကတည်းက ပရိသတ်တွေကသတိထားမိကြသူလေးပါ..။
ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့သည်းသည်းလှုပ်အချစ်တွေကို အများဆုံးရရှိထားကြတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နေတဲ့ သူမကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်..။


ပရိသတ်တွေရဲ့အသည်းကျော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်ဟာ အခုလို Covid ကာလမှာလည်း သူမရဲ့လှုပ်ရှားမှုလေးတွေနဲ့ ပရိသတ်တွေကို အလွမ်းပြေစေသလို အခုတစ်ခါမှာလည်း ဗီဒီယိုဖိုင်လေးတစ်ခု ဝေမျှလာပါတယ်နော်..။
ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေမြင်ရခဲတဲ့ ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေအပီအပြင် ကြိုးစားပမ်းစားလုပ်နေတဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးကို ဝေမျှထားတာဖြစ်ပြီး သေးသေးသွယ်သွယ်ကိုယ်လုံးရဲ့ လှပမှုတွေကိုလည်း မြင်တွေ့ရမှာပါနော်..။



ကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသလို ဆွဲဆောင်မှုရှိတဲ့အလှတွေနဲ့လည်း ဖမ်းစားတတ်တဲ့ ရွှေကစ်လေးတစ်ယောက် အခုတစ်ခါမှာလည်း ကျစ်လစ်သွယ်လျတဲ့ သူမရဲ့ခန္ဓာကိုယ်လေးကို ထိန်းသိမ်းဖို့အတွက် အားကစားတွေလုပ်ကာ ထိန်းသိမ်းနေတာလည်း ဖြစ်ပါတယ်နော်..။
ကဲ.. ဒီကနေ့လေးမှာတော့ ချစ်စရာကောင်းလွန်းတဲ့ အချစ်တော်လေး ဝတ်မှုံရွှေရည်ရဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ အပြင်းစားဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် ဝေမျှတင်ဆက်ပေးလိုက်ပါတယ်နော်..။


သတင်း အရင်းအမြစ်៖ Wutt Hmone Shwe Yi's IG Acc